18 February 2016

လိမ္မော်ဆန်ပူတင်း

Orange Rice Pudding

နေရာဒေသအသီးသီးမှာဆန်နဲ့ပြုလုပ်ထားတဲ့မုန့်အမျိုးမျိုးကိုတွေ့နိုင်ပါတယ်။ခုလုပ်ထားတဲ့ဆန်ပူတင်းလေးကတော့အာဟာရလည်းဖြစ်ပြီးလူကြီးခလေးအကြိုက်တွေ့စေနိုင်မဲ့ပူတင်းလုပ်နည်းလေးဘဲဖြစ်ပါတယ်။လုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
********
ဆန် - တစ်ခွက်(ပေါင်းအိုးဆန်ချိန်ခွက်)
နွားနို့ - ၃ခွက်
ခရင်မ် - ၂ခွက်
ကြက်ဥအနှစ် - လေးလုံး
သကြား - တစ်ခွက်
ထောပတ် - ၂ဇွန်း စားပွဲဇွန်း
လိမ္မော်သီး - တစ်လုံး
စပျစ်ခြောက် - အနည်းငယ်
နှစ်သက်ရာသစ်သီးယို -တွဲဖက်စားရန်
ပြင်ဆင်ပြုလုပ်ပုံ
************
(၁)ဆန်ကိုရေဆေးသန့်စင်ပြီးရေ၃ခွက်ထည့်ပြီးနူးအိအောင်ပြုတ်ပါ။လိုအပ်ပါကအနည်းငယ်ဆီထပ်ထည့်ပေးပါ။
(၂)လိမ္မော်သီးကိုအပေါ်အခွံအနည်းငယ်ခြစ်ထားပါ။အရည်ကိုလည်းညစ်ထားပါ။ပန်းကန်တခုတွင်လိမ္မော်ရည်နှင့်စပျစ်ခြောက်တို့ကိုရောပြီးစိမ်ထားပါ။
(၃)ဆန်နူးအိပါကနွားနို့ထည့်ပြီးမွေတံဖြင့်မွေပြီးချေပေးပါ။အနည်းငယ်ပျစ်လာပါကထောပတ်ထည့်ပြီးသမအောင်မွေကာမီးပိတ်ထားပါ။
(၄)ဇလုံတခုတွင်ကြက်ဥအနှစ်သကြားနှင့်ခရင်မ်တို့ကိုရောပြီးသကြားပျော်အောင်မွေထားပါ။
(၅)သကြားပျော်ပါကအသင့်ချေထားသောနို့ဆန်ပြုတ်ကိုထည့်ပြီးသမအောင်မွေ ပါ။လိမ္မော်ခွံနှင့်လိမ္မော်ရည်နှင့်စပျစ်ခြောက်စိမ်ထားသည်ကိုထည့်ပြီးသမအောင်မွေပါ။
(၆)ပူတင်းဖုတ်ရန်ပန်းကန်သို့မဟုတ်ခွက်ကိုထောပတ်အနည်းငယ်လူးပေးပြီးဆန်ပူတင်းအရောကိုထည့်ပါ။
(၇)ရေပူတဝက်ထည့်ထားသောဘမ်းတွင်ဆန်ပူတင်းပန်းကန်များကိုထည့်ကာအလူမီနီယံစက္ကူဖြင့်ဖုံးအုပ်ပြီးအပူချိန်၂၀၀ဒီဂရီဖြင့်၄၅မိနစ်ခန့်ပေါင်းပါ။
(၈)၄၅မိနစ်ပြည့်ပါကအလူမီနီယံစက္ကူကိုဖယ်ပြီးပူတင်းအပေါ်ယံအရောင်ရရှိအောင်၁၅မိနစ်ခန့်ထားပြီးအရောင်ရရှိပါကထုတ်ယူအအေးခံထားပါ။
(၉)ဆန်ပူတင်းကိုအပူဖြစ်စေအအေးဖြစ်စေနှစ်သက်ရာသစ်သီးယိုဖြင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။
❀❀လိမ္မော်ခွံကိုအပေါ်ယံအဝါကိုသာဖွဖွခြစ်ထားပါ။အဖြူမပါစေရ။ခါးတတ်သည်။
...........
Sofia

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...