5 January 2016

မုန့်လုံးနှမ်းကပ်ကြော်

 Dim Sum Sesame Balls
ဒင်းမ်ဆမ်းထဲမှာနာမည်ကြီးလူကြိုက်များတဲ့မုန့်လုံးနှမ်းကပ်ကြော်ကိုဒင်းမ်ဆမ်းဆိုင်တွေမှာအချိုပွဲဒင်းမ်ဆမ်းအဖြစ်တည်ခင်းလေ့ရှိပါတယ်။မူလအစတရုပ်အစားအစာတမျိုးဖြစ်ပေမဲ့ဟောင်ကောင်မလေးရှာအင်ဒိုနီးရှားဗီယက်နမ်ဖိလစ်ပိုင်တို့တွေမှာလည်းတရုပ်တန်းတွေမှာရရှိနိုင်တဲ့မုန့်လည်းဖြစ်ပါတယ်။ကောက်ညင်းမုန့်လုံးကိုအတွင်းမှာနှစ်သစ်ရာပဲယိုတခုကိုထည့်သွင်းဌာပနာပြီးအပြင်တွင်နှမ်းကပ်ပြီးကြွပ်ရွအောင်ကြော်ထားတဲ့နှမ်းလုံးကြော်လေးဘဲဖြစ်ပါတယ်။
ကောက်ညင်းနဲ့ပြုလုပ်တဲ့မုန့်ပဲသားရေစာအမျိုးမျိုးကိုဆိုဖီယာလည်းအရမ်းနှစ်သက်ပါတယ်။ဆီနဲ့ကြော်ရတဲ့မုန့်လက်ကောက်မုန့်လုံးတွေပြုလုပ်ရာမှာကြော်နေစဉ်ဆီပေါက်တဲ့အဖြစ်ကိုလည်းကြုံဖူးကြမှာပါ။ဆီမပေါက်အောင်ပြုလုပ်နည်းအတော်များများလည်းတွေ့ဖူးပေမဲ့အခုကြော်ထားတဲ့နည်းလေးကဖြင့်အလွန်လွယ်ကူပြီးမပေါက်မပွင့်ဘဲချောမွေ့လှပတဲ့နှမ်းလုံးလေးရရှိမှာဖြစ်ပါတယ်ု။ကောက်ညင်းနှစ်သက်သူများအဖို့လှပလွယ်ကူတဲ့မုန့်လုံးနှမ်းကပ်ကြော်ပြုလုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း(၁၂လုံး)
********
ကောက်ညင်းမှုန့် - ၂၅၀ဂရမ်
သကြား - ၃၀ဂရမ်
ဆား -အနည်းငယ်
Baking Powder -တဇွန်းလ္ဘက်ဇွန်း
ရေ - ၂၀၀ ml
ပဲယို - တစ်ပန်းကန်
ရေတပန်းကန် - မုန့်လုံးရေစွတ်ရန်
နှမ်းလှော် - တစ်ပန်းကန်
ဆီ - ကြော်ရန်
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)ပန်းကန်လုံးတခုတွင်ကောက်ညင်းမုန့်ကို၂၀၀ဂရမ်ချိန်ထည့်ထားပါ။
(၂)ပြီးလျှင်နောက်ထပ်ပန်းကန်တခုတွင်မုန့်လုံးတလုံးစာ၅၀ဂရမ်ကောက်ညင်းမုန့်ကိုရေအနည်းငယ်ဖြင့်လုံး၍ရသည့်အနေထိနယ်ပါ။
(၃)မုန့်နှစ်တလုံးစာရပါကအိုးတခုဖြင့်ရေနွေးတည်ကာဆူပွက်ပါကလုံးပြီးသားမုန့်လုံးကိုထည့်ပြီးသုံးမိနစ်ပြုတ်ပါ။
(၄)ပြီးလျှင်ဆယ်ယူပြီးရေအေးစိမ်ထားကာအေးအောင်ပြုလုပ်ပါ။
(၅)အေးသွားပါကဆယ်ယူပြီးပန်းကန်လုံးအကြီးထဲမှကောက်ညင်းမှုန့်ထဲထည့်ပါ။ဆားသကြားbakingpowderထည့်ပြီးမုန့်လုံးကိုကြေပြီးကောက်ညင်းမှုန့်များဖြင့်သမအောင်နယ်ပေးပါ။
❀❀ ဤ(၂)မှ(၅)အချက်သည်မုန့်ကြော်ချိန်ဆီမပေါက်စေရန်ပြုလုပ်သည့်အဓိကအချက်ဖြစ်သည်
(၆)ကျက်ပြီးသားမုန့်လုံးသကြားဆားကောက်ညင်းမှုန့်တို့သမသွားပါကရေကိုဖြည်းဖြည်းဆီထည့်နယ်ပြီးချောမွေလာသည်ထိနယ်ပေးပါ။
လက်မကပ်စေရန်ကောက်ညင်းမှုန့်အနည်းငယ်ဖြူးပြီးကိုင်ပါ။
(၇)ပြီးလျှင်အရွယ်ညီ၁၂လုံးလုံးထားပြီးမိနစ်၃၀ခန့်နှပ်ထားပါ။
(၈)နှပ်ထားစဉ်ပဲယိုသို့မဟုတ်နှစ်သက်ရာယိုကိုအလုံးလေးများ၁၂လုံးလုံးထားပါ။ရေတစ်ပန်းကန်နှမ်းလှော်တစ်ပန်းကန်အသင့်ပြင်ထားပါ။
(၉)ကောက်ညင်းလုံးကိုအနည်းငယ်ပြားအောင်ပြုလုပ်ပြီးပဲယိုထည့်ကာမုန့်လုံးကိုချောမွေ့အောင်ပြုလုပ်ပါ။
(၁၀)ပြီးလျှင်ရေပန်းကန်တွင်နှစ်ပြီးမုန့်လုံးကိုရေစွတ်ကာနှမ်းလှော်ဖြင့်အနှံ့ကပ်အောင်ပြုလုပ်ပြီးလုံးပေးပါ။
(၁၁)မုန့်လုံးအားလုံးအစာသွပ်ပြီးနှမ်းကပ်ပြီးပါကဆီအိုးတည်ကာဆီပူတွင်သုံးမိနစ်ခန့်အရောင်ရအောင်ကြော်ပါ။အရောင်ညီစေရန်ယောက်မဖြင့်လှည့်ပေးပါ။
(၁၂)ရွှေဝါရောင်ရပါကဆယ်ယူဆီစစ်ပြီးပူပူနွေးနွေးကြွပ်ရွမွေးကြိုင်တဲ့မုန့်လုံးနှမ်းကပ်ကြော်ကိုတည်ခင်းသုံးဆောင်နိုင်ပါပြီ။
.....................
Sofia

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...