3 December 2015

သရက်သီးသနပ်


Spicy Green Mango Pickle
သရက်သီးသနပ်လုပ်နည်းများစွာရှိပါတယ်။အချို အစပ်ချဉ်ငံအရသာအမျိုးမျိုးပြုလုပ်လေ့ရှိပါတယ်။တချို့ကျသရက်သီးသနပ်အိအိလေးကြိုက်လို့အခြောက်ကိုပြန်ပြုတ်ပြီးလုပ်ကြတယ်။တချို့ကျမာစပ်စပ်လေးစားရတာနှစ်သက်ကြလို့အစိမ်းနဲ့လုပ်ကြတယ်။ခုလုပ်ထားတာတော့အစိမ်းကိုထုပ်ထုပ်လေးနဲ့ချိုချဉ်စပ်လေးပြုလုပ်ထားခြင်းဖြစ်ပါတယ်။
ပါဝင်ပစ္စည်း
*********
သရက်သီးစိမ်း - တစ်ကီလို (၃လုံး)
ထုံးရည် -တစ်လီတာ (ရေတလီတာတွင်ထုံးတစ်ဇွန်းထည့်ဖျော်ပါ)စားပွဲဇွန်း
ဆား - ၃ဇွန်း
သကြား - ၄ဇွန်း
အရောင်တင်ငရုပ်သီးမှုန့် - ၃ဇွန်း
ဆီ - ၁၆၀ ဂရမ် (တစ်ဆယ်သား)
မဆလာ - ၂ဇွန်း (သနပ်မဆလာ)
ကြက်သွန်ဖြူ -လက်တစ်ဆုပ်
ငရုပ်သီးစိမ်း - အနည်းငယ်
မုန်ညင်းစေ့-တစ်ဇွန်း (နှစ်သက်က)
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)သရက်သီးကိုရေဆေးသန့်စင်ပြီးတလက်မခွဲခန့်အရွယ်လှီးထားပါ။
(၂)ဇလုံတခုတွင်ထုံးတစ်ဇွန်းကိုရေတလီ တာဖြင့်ဖျော်ပြီးလှီးဖြတ်ထားသည့်သရက်သီးစိမ်းကိုတညစိမ်ပေးပါ။( ကြွပ်စေရန်)
(၃)ပြီးလျှင်သရက်သီးကိုဆယ်ယူကာရေ စင်အောင်ဆေးပြီးရေစစ်ထားပါ။
(၄)ရေစစ်သွားပါကဆားနှစ်ဇွန်းထည့်ပြီးသမအောင်မွေပြီး၂ရက်ထားပါ။မကြာခဏအထက်အောက်လှန်ပေးပါ။
(၅)ထွက်လာသောသရက်သီးဆားငံရည်များကိုစစ်ပြီးနေပူတွင်တနေခန့်ဖန့်ဖန့်အနေထားရအောင်လှမ်းပါ။(ရေခြောက်ရုံ)
(၆)လိုချင်သောအနေထားရပါကခပ်သေးသေးလှီးဖြတ်ပါ။
(၇)ကြက်သွန်ဖြူငရုပ်စိမ်းအသင့်ပြုလုပ်ပါ။
(၈)အိုးတခုတွင်ဆီပူအောင်တည်ပြီးအရောင်တင်၊မုန်ညင်းစေ့၊မဆလာဆီသပ်ပါ။သကြားနှင့်လက်ကျန်ဆားတဇွန်းထည့်ပြီးပျော်အောင်မွေပေးပါ။မီးပိတ်ပြီးကြက်သွန်ဖြူ၊ငရုပ်သီး စိမ်းထည့်ပါ။
(၉)အသင့်လှီးထားသောသရက်သီးထည့်ပြီးသမအောင်မွေကာအအေးခံထားပါ။
(၁၀)လုံးဝအေးသွားသောအခါပုလင်းသန့်သန့်ကိုရေခြောက်အောင်သုတ်ပြီးထည့်ပါ။မျက်နှာပြင်ကိုဆီဖုံးအောင်ထည့်ပြီးပုလင်းကိုလေလုံအောင်ပိတ်ပြီးနှပ်ထားပါ။
(၁၁)နှစ်ပတ်ခန့်နှပ်ပြီးပါကရေခဲသေတ္တာတွင်ထည့်ပြီးသိမ်းဆည်းကာလိုသလောက်ထုတ်ယူသုံးဆောင်နိုင်ပါပြီ။ပြုလုပ်ပြီးချက်ချင်းလည်းသုံးဆောင်နိုင်ပါတယ်။

1 comment:

  1. ကျေးဇူးတင်ပါတယ်ခင်ဗျား

    ReplyDelete

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...