အချက်အပြုတ်ဝါသနာရှင်များအတွက်မိမိတတ်ကျွမ်းသမျှလေးများဝေမျှပေးရာ Blog လေးဖြစ်ပါတယ်
23 December 2015
ငှက်ပျောထုပ်
Banana in Sticky Rice
ကောက်ညင်းငှက်ပျောထုပ်ကိုနေရာဒေသအလိုက်ပုံစံအမျိုးမျိုးလုပ်စားကြတဲ့ထဲကမြန်မာကောက်ညင်းထုပ်လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။ မိမိနှစ်သက်ရာအရွယ်ထုပ်နိုင်ပါတယ်။လုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း (၈ထုပ် )
*********
ကောက်ညင်းဆန် - ၄ခွက် ဆန်ချိန်ခွက်
ရခိုင်ငှက်ပျောသီး - ၈လုံး
ငှက်ပျောဖတ် - ထုပ်ရန်
သကြား -ဖြူးစားရန်
အုန်းသီးဆံ
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)ကောက်ညင်းကိုလေးနာရီခန့်ရေစိမ်ပြီးရေစစ်ထားပါ။
(၂)ငှက်ပျောဖတ်ကိုရေဆေးသန့်စင်ပြီးမီးပြပြီးအနေတော်အရွယ်ဖြတ်ဆီလူးထားပါ။
(၄)အားလုံးအသင့်ဖြစ်ပါကကောက်ညင်း၃ဇွန်းဖြန့်ထည့်ပါ။အလယ်တွင်ငှက်ပျောသီးတစ်လုံးထည့်ပြီးအပေါ်မှကောက်ညင်းပြန်အုပ်ကာလုံအောင်ထုပ်ပါ။
(၅)အားလုံးထုပ်ပြီးပါကနှစ်ထုပ်တွဲကြိုးဖြင့်ချည်ပြီးပေါင်းအိုးတွင်ထည့်ကာတစ်နာရီပြုတ်ပါ။
(၆)ကောက်ညင်းကျက်ပြီးငှက်ပျောသီးနူးအိပါကဆယ်ယူအအေးခံကာအုန်းသီးသကြားဖြူးပြီးသုံးဆောင်နိုင်ပါပြီ။
.....................
Sofia
Subscribe to:
Post Comments (Atom)
ကြက်သားလုံးဟင်း (စူကြည်း)
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရ...
-
Chilli Pickle အချို့ဟင်းချက်ရာမှာမရှိမဖြစ်လိုအပ်တဲ့ငရုတ်ချဉ်လေးဘြဲ ဖစ်ပါတယ်။သုံးတတ်သူများအဖို့အလွယ်တကူဝယ်လို့မရ နိုင်တဲ့နေရာမှာကိုယ့်ဘ...
-
Snow Ear Fungus Sweet Soup ကျောက်ပွင့်အချိုပွဲလေးဟာဖြင့်ဆေးဖက်လည်းဝင်ပြီးအရွယ်တင်နုပျိုစေတယ်လို့ဆိုပါတယ်။Chinese Family အများစုဟာတပတ်ကို...
-
ပဲငပိကိုပုံစံအမျိုးမျိုးနဲ့နေရာဒေသအသီးသီးမှာဝယ်ယူရရှိနိုင်ပါတယ်။ကိုးရီးယား၊ဂျပန်၊တရုတ်နိုင်ငံ များမှပြုလုပ်ထားသည်များရှိပါတယ်။အရသာကွဲပြားမ...

No comments:
Post a Comment