3 December 2015

ပိန္နဲသီးဟင်း

ထူးဆန်းတဲ့ဟင်းပွဲလေးမဟုတ်ပေမဲ့မွေးရပ်ဇာတိရှမ်းပြည်အလွမ်းပြေချက်ဖြစ်တဲ့ဟင်းပွဲလေးပါ။ကြိုက်နှစ်သက်သူအဖို့တော့ကြက်သားဟင်းနဲ့မလည်းနိုင်တဲ့ဟင်းတခွက်ဖြစ်ပါတယ်။ပိန္နဲသီးနုနုကိုကြော်စားချက်စားသုပ်စားပုံစံအမျိုးမျိုးလုပ်စားလေ့ရှိကြပါတယ်။ သိပြီးသားလည်းရှိသလိုမသိသေးသူများအတွက်ချက်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
*********
ပိန္နဲသီးနုနု - တလုံး
ကြက်သွန်နီ - တစ်လုံး
ခရမ်းချဉ်သီး - တစ်လုံး
ဂျင်းကြက်သွန်ဖြူ - တစ်ဇွန်း
ဆူးပုတ်ရွက် - နှစ်စည်း
နနွင်း - အနည်းငယ်
ဆား - လိုသလောက်
ဟင်းခပ်မှုန့် -တစ်ဇွန်း
ဆီ - အနည်းငယ်
ပြင်ဆင်ချက်ပြုတ်ပုံ
*************
(၁)ဦးစွာပိန္နဲသီးနုနုကိုအခွံခွာပြီးအကွင်းလိုက်လှီးကာရေဆူတွင်ဆားအနည်းငယ်ထည့်ပြီးပြုတ်ပါ။အစေးဓာတ်ကုန်သည်ထိနှစ်ရေသုံးရေလဲပြီးပြုတ်ပါ။ၿပီးလ်ွင္ဆယ္ယူေ ရစစ္ထားပါ။
(၂)ရေစစ်ပြီးပါကအလည်အူတိုင်ဖယ်ထုတ်ပြီးလိုသလိုအတုံးငယ်များလှီးဖြတ်ထားပါ(အချို့ဒေသများတွင်ပြုတ်ပြီးသားဝယ်ယူရရှိနိုင်ပါသည်။ )
(၃)အိုးတခုတွင်ဆီအနည်းငယ်ထည့်ပြီးကြက်သွန်ဆီသပ်ပါ။
အရောင်ရပါကနနွင်းကြက်သွန်ဖြူဂျင်းထောင်းထည့်ပါ။
(၄)ဆီသပ်နံ့မွေးလာပါကလှီးပြီးသားပိန္နဲသီးကိုထည့်ပြီးဆားဟင်းခပ်မှုန့်ထည့်ပြီး တည်ပါရေအနည်းငယ်ဆီထည့်ပြီးမွေပေးပါ။
(၅)ပိန္နဲသီးအတော်နူးပါကခရမ်းချဉ်သီးထည့်ပါ။ဆူးပုတ်ရွက်ခပ်ပါ။အစပ်စားလိုပါကငရုပ်သီးစိမ်းထည့်ပြီးအရသာအပေါ့ငန်မြည်း၍ဟင်းရည်စပ်စပ်ဖြင့်မီးဖိုမှချကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။
မှတ်ချက်။ မိမိနှစ်သက်ရာအသားဖြင့်လည်းတွဲချက်နိုင်ပါတယ်။ရှမ်းပဲပုတ်ဖြင့်လည်းချက်နိုင်ပါတယ်။ မလေးလူမျိုးများကတော့ငါးပိငရုပ်သီးထောင်းဖြင့်ချိုစပ်စပ်ချက်စားကြပါတယ်။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...