3 December 2015

မှို အုံး


ရှမ်းရိုးရာအစားအစာမှိုအုံးလေးပါ ။ဇာတိမြေရှမ်းပြည်ကိုအလည်ပြန်ရင်းကိုယ်မသိသေးတဲ့ဒေသစာလေးတွေကို ဆိုဖီယာ့ အန်တီလေးဆီကနေသင်ယူဖြစ်ခဲ့တာလေးတွေပါ။ရှမ်းရိုးရာအစားအစာမှိုအုံးလို့လူသိများ တဲ့မှိုကိုဟင်းခပ်ရွက်အစုံဖြင့်စပ်ရှိန်းရှိန်းအရ သာနှပ်ထားပြီးငှက်ပျောဖက်ဖြင့်ထုပ်ကာကျက်အောင်မီးအုံးထားသောသင်းပျံ့မွေးကြိုင်တဲ့မှို အုံးလေးဘဲဖြစ်ပါတယ်လုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
*********
မှို အဂ္ဂ - တဆယ်သား
ကြက်သွန်နီ - ၂လုံး
ကြက်သွန်ဖြူ  - လက်တစ်ဆုပ်
ငရုတ်သီးစိမ်း - လက်တစ်ဆုပ်
ခရမ်းချဉ်သီး -၂လုံး
နံနံပင် - တစ်စည်း
ပင်စိမ်းရွက် - ၂စည်း
ဖက်ဖယ်ရွက် - ၂စည်း
ရှမ်းနံနံ - ၂စည်း
ကြက်သွန်မိတ် - တစ်စည်း
ကျိုချိုက် - ၂စည်း
ဆား -တစ်ဇွန်း စားပွဲဇွန်း
ရှမ်းပဲပုတ် - ၃ချပ်
ဟွားကျောက် (ဇီချွမ်းငရုပ်ကောင်း) -၁ဇွန်း
ငှက်ပျောဖက် - ထုပ်ရန်
ပြင်ဆင်ပြုလုပ်နည်း
**************
(၁)ဦးစွာမှိုကိုတနာရီခန့်ရေစိမ်ထားပါ။ပွလာပါကအမြစ်များကိုဖြတ်ပြီးဆားဖြင့်အခါခါနာနာနယ်ကာသန့်စင်ဆေးကြောပြီးရေညစ်ထားပါ။(အညှာမဲမဲများကိုသေချာသန့်စင်ပါ။သဲများကိုအခါခါဆေးပါ)
(၂)ကြက်သွန်နီ၊ကြက်သွန်ဖြူ၊ခရမ်းချဉ်သီး၊ငရုတ်သီးစိမ်းတို့ကိုသေးသေးစိတ်ထည့်ပါ။
(၃)ကျန်ပါဝင်သောအရွက်များအားလုံးကိုလည်းရေဆေးသန့်စင်ကာသေးသေးစိတ်ထည့်ပါ။
(၄)ရှမ်းပဲပုတ်ကိုမီးကင်ပြီးထောင်းထည့်ပါ။ဟွားကျောက်ကိုလှော်ပြီးအမှုန့်ထောင်းထည့်ပါ။ဆားထည့်ပြီးသမအောင်နှယ်ပြီးနှပ်ထားပါ။
(၅)ငှက်ပျောဖက်ကိုရေဆေးသန့်စင်ပြီးမှိုနှင့်အရွက်တို့ကိုသမအောင်ထည့်ပြီးထုပ်ထားပါ။
(၆)အိုးအပြန့်တခုတွင်ဆီအနည်းငယ်လူးပြီးဖတ်ဖြင့်ထုပ်ထားသည်ကိုမှောက်လျက်အနေဖြင့်ထည့်ပြီးအဖုံးအုပ်ကာအပေါ်မီးအောက်မီးအေးအေးဖြင့်အုံးထား ပါ။
(၇)၁၅မိနစ်တခါတဖက်သို့လှန်ပေးပါ။ထွက်လာသောရေများခန်းပြီးအနှံ့မွေးလာပါကဖယ်ထုတ်ပြီးမီးပြန်ကင်ပေးကာသင်းပျံမွေးကြိုင်ပြီးစပ်ရှိန်းရှိန်းအရသာမှိုအုံးကိုတည်ခင်းသုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...