23 December 2015

ပုဇွန်ကော်ပြန့်စိမ်း



Popiah (Fresh Spring Rolls)
ကော်ပြန့်ကြော်ကော်ပြန့်စိမ်းကိုနေရာဒေသအလိုက်ပုံစံအမျိုးမျိုးပြုလုပ်စားသုံးလေ့ရှိပါတယ်။ခုလုပ်ထားတဲ့ပုံစံကတော့စင်္ကာပူမှာpopiahလို့လူသိများတဲ့ကော်ပြန့်စိမ်းဖြစ်ပါတယ်။အချိုအစပ်ပုံစံနှစ်မျိုးရှိပါတယ်။လုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
********
ကော်ပြန့် ဖက် - ၁၅ရွက်
ဆလပ်ရွက် - နှစ်ပင် ခင်းရန်
စိမ်းစားဥ - တလုံး အကြီး
မုန်လာဥနီ - တစ်တောင့်
ဂေါ်ဖီ - တစ်ထုပ် အသေး
ဘိုစားပဲ သို့ ရွှေပဲ - လက်တစ်ဆုပ်
ပဲပင်ပေါက် - ၁၅၀ဂရမ် တဆယ်သားခန့်
ပဲပြား - နှစ်တုံး
ကြက်သွန်ဖြူ  - ၃မြောင်း
ကြက်သွန်မိတ် - ၅ပင်
ပုဇွန် - ၁၅ကောင်(ဂဏန်းနှစ်သက်ရာ)
ဆား - အနည်းငယ်
ဟင်းခပ်မှုန့် - တစ်ဇွန်း စားပွဲဇွန်း
ဆီ - အနည်းငယ်
တွဲဖက်ဆော့စ်
**********
Sweet Sauce
Sambal Sauce
ကြက်သွန်နီကြော်
မြေပဲနှမ်းထောင်း
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)ကော်ပြန့်ဖက်ကိုခွာပြီးအဝတ်ရေစိုဖန့်ဖန့်ဖြင့်အုပ်ထားပေးပါ။
(၂)ပုဇွန်ကိုအခွံသင်ပြီးရေဆေးသန့်စင်ကာပြုတ်ထားသို့ကြော်ထားပါ။သတ်သတ်လွတ်လည်းလုပ်နိုင်ပါတယ်။
(၃)အသီးအနှံများဖြစ်သည့်ဂေါ်ဖီ၊ဥနီ၊ပဲသီးစိမ်းစားဥတို့ကိုရေဆေးသန့်စင်ပြီးသေးသေးစိတ်ထားပါ။ပဲပြားကိုသေးသေးစိတ်ပြီးကြော်ထားပါ။
(၄)အိုးတခုတွင်ဆီထည့်ပြီးကြက်သွန်ဖြူသေးသေးစိတ်ကာဆီသပ်ပါ။လှီးဖြတ်ထားသောသီးနှံများကိုထည့်ပြီးမီးပြင်းဖြင့်ကြော်ပါ။
(၅)ဆားဟင်းခပ်မှုန့်ထည့်ပြီးမွေပေးကာအရသာအပေါ့အငံမြည်းပြီးထွက်လာသောရေများကိုစစ်ထားပါ။
(၆)ရေစစ်သွားပါကကြက်သွန်မိတ်ပဲပြားကြော်တို့ကိုသေးသေးလှီးပြီးသမအောင်မွေပေးကာကော်ပြန့်ထုပ်ရန်အသင့်ဖြစ်ပါပြီ။
(၇)အားလုံးအသင့်ဖြစ်ပါကကော်ပြန့်ဖက်ကိုခင်းပါ။နှစ်သက်ရာဆော့ကိုအလယ်တွင်လူးပါ။ဆလပ်ရွက်ခင်းပြီးကြော်ထားသောသီးနှံစုံ၊ပုဇွန်တို့ကိုအပေါ်မှတင်ပြီးမိမိနှင့်နီးရာဘက်မှစတင်လိတ်ပေးပါ။(၈)ပြီးလျှင်လိုသလိုလှီးဖြတ်ပြီးပန်းကန်တွင်ထည့်ကာအပေါ်မှနှစ်သက်ရာဆော့စ်မြေပဲနှမ်းထောင်းကြက်သွန်ကြော်ဖြူးပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။ကြက်ဥထည့်လိုပါကကြက်ဥကိုအချပ်လိုက်ကြော်ပြီးအမျှင်စိတ်ကာထည့်နိုင်ပါတယ်။
................
Sofia

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...