မုန့်မောင်နှမ = မုန့်အုပ် = မုန့်လင်မယား
မြန်မာသားရေစာမုန့်တမျိုးဖြစ်တဲ့မုန့်လင်မယား၊မုန့်အုပ်၊မုန့်မောင်နှမလို့ခေါ်ကြတဲ့မုန့်ေ လးကြို မန်မာတိုင်းနှစ်သက်ကြမယ်ထင်ပါတယ်။ဒီမုန့်လေးနဲ့ပတ်သတ်ပြီးငယ်ဘဝအမှတ်တရလေးရှိပါတယ်။ဆိုဖီယာငယ်ငယ်ကတည်းကမုန့်လုပ်ဟ င်းချက်အရမ်းဝါသနာပါခဲ့တော့တတိယတန်းကျောင်းပိတ်ရက်မှာအသုပ်စုံ၊ဆန်ချိုအေး၊အုန်းနို့ခေါ က်ဆွဲမုန့်လင်မယားတွေလုပ်ရောင်းခဲ့ဖူးတယ်။ကိုယ်လုပ်ချင်တဲ့မုန့်လည်းလုပ်ရေ တာ့ပျော်တာပေါ့နော် ☺ ။မုန့်လုပ်နည်းအ ချိုးများကတယောက်နဲ့တယောက်အနည်းငယ်ကွဲပြားကြပါတယ်။ကျောင်းပိတ်ရက်မှာအိမ်မှာဘဲသန့်ရှင်းလတ်ဆပ်ပြီးသားငယ်သမီးငယ်များပါပါဝင်ကူညီလုပ်ကိုင်ပေးရင်းတပျော်တပါးလုပ်စားနိုင်ဖို့လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
မုန့်နှစ်ရည်တွင်ပါဝင်ပစ္စည်း (အခုရေ၈၀ခန့်)
******************
ဆန်မုန့် - နို့ဆီဘူးလေးခွက်
ကောက်ညင်းမှုန့် - နှစ်ဇွန်း စားပွဲဇွန်း
ပဲမှုန့်စိမ်း - နှစ်ဇွန်း စားပွဲဇွန်း
ကြက်ဥ - တစ်လုံး
ဖီးကြမ်းငှက်ပျော - တစ်လုံး
ဆား - နှစ်ဇွန်း လ္ဘက်ဇွန်း
ဟင်းခပ်မှုန့် - တစ်ဇွန်း စားပွဲဇွန်း
ဆော်ဒါ - လ္ဘက်ဇွန်း တဝက်
ရေကျက်အေး - ၁.၃လီတာ
**ဆန်ရေစိမ်ကြိတ်လိုပါကဆန်ကြမ်းတပြည်ကောက်ညင်းဆန်လက်တဆုပ်နာရီဝက်ရေစိမ်ရေစစ်ပြီးကြိတ်ပါ။
တွဲဖက်လိုအပ်ပစ္စည်း
***************
ကြက်သွန်မိတ်
နံနံပင်
ပဲပြုတ် တစ်ပန်းကန်
ဆားနှမ်းထောင်း
ဆီ ကြော်ရန်
ငုံးဥ လိုသလောက်
အချဉ်ရည်တွင်ပါဝင်ပစ္စည်း
******************
မန်ကျည်းမှည့်
ကြက်သွန်ဖြူ
ငရုပ်သီးစိမ်း
ထန်းလျက်
ဆား
ဟင်းခပ်မှုန့်
ပြင်ဆင်ပြုလုပ်နည်း
*************
(၁)ဦးစွာပထမမုန့်နှစ်ရည်တွင်ပါဝင်ပစ္စည်းများကိုရောစပ်ထားပါ။ ဆန်မှုန့်အခြောက်အသုံးပြုပါကမိနစ်၃၀ခန့်နှပ်ထားပါ။
(၂)မုန့်နှစ်ရည်တွင်ကြက်သွန်မိတ်နံနံပင်ထည့်မွေပါ။
(၃)အားလုံးအသင့်ဖြစ်ပါကမုန့်လုပ်သည့်အိုးအပူပေးကာဆီလူးပြီးမုန့်နှစ်ရည်ထည့်ကာပဲပြုတ်နှမ်းထောင်းဖြူးကာအရောင်ရသည်လာထိထားပါ။အရောင်ရပါကမုန့်နှစ်ခုအုပ်ပေးပြီးပူပူနွေးနွေးကို အချဉ်ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။
အချက်အပြုတ်ဝါသနာရှင်များအတွက်မိမိတတ်ကျွမ်းသမျှလေးများဝေမျှပေးရာ Blog လေးဖြစ်ပါတယ်
Subscribe to:
Post Comments (Atom)
ကြက်သားလုံးဟင်း (စူကြည်း)
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရ...
-
Snow Ear Fungus Sweet Soup ကျောက်ပွင့်အချိုပွဲလေးဟာဖြင့်ဆေးဖက်လည်းဝင်ပြီးအရွယ်တင်နုပျိုစေတယ်လို့ဆိုပါတယ်။Chinese Family အများစုဟာတပတ်ကို...
-
Chilli Pickle အချို့ဟင်းချက်ရာမှာမရှိမဖြစ်လိုအပ်တဲ့ငရုတ်ချဉ်လေးဘြဲ ဖစ်ပါတယ်။သုံးတတ်သူများအဖို့အလွယ်တကူဝယ်လို့မရ နိုင်တဲ့နေရာမှာကိုယ့်ဘ...
-
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရ...

No comments:
Post a Comment