မာလာဟင်းအနှစ်
မာလာဟင်းချက်နည်းတော့တင်ထားပြီးသားဖြစ်ပါတယ်။ဟင်းအနှစ်ကိုအတော်များများတော့အသင့်ချက်ပြီးသားတွေသုံးပါတယ်။ဆိုဖီယာချက်နည်းကတော့ဟင်းအနှစ်သီးသန့်ချက်မထည့်ဘဲပါဝင်ပစ္စည်းအားလုံးတခါတည်းထည့်ချက်ပါတယ်။ဟင်းအနှစ်သီးသန့်ချက်ထားပြီးလွယ်ကူမြန်ဆန်စွာချက်စားနိုင်ဖို့နဲ့အချို့လွယ်ကူစွာမရနိုင်သောသူများကိုယ်တိုင်သန့်ရှင်းလပ်ဆပ်စွာချက်စားနိုင်ဖို့မာလာဟင်းအနှစ်ချက်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း (ငါးပွဲစာ)
********
ကြက်သွန်နီ - တစ်လုံး အနေတော်
ကြက်သွန်ဖြူ - နှစ်ဥ
ငရုပ်သီးအလှော်မုန့် - နှစ်ဇွန်း စားပွဲဇွန်း
ဟွားကျောက်မှုန့် - တစ်ဇွန်း
ရှောက်ကောမှုန့် - တစ်ဇွန်း
နှမ်းထောင်း - ၃ဇွန်း
ငရုပ်ချဉ်(ချဉ်စပ်ငရုပ်) - သုံးဇွန်း
ပဲငပိ - ၅ဇွန်း
ဟင်းခပ်မှုန့် - နှစ်ဇွန်း
ဆီ - ၅ကျပ်သား
ုပြင်ဆင်ပြုလုပ်နည်း
*************
(၁)ကြက်သွန်နီကြက်သွန်ဖြူသေးသေးစိတ်ထားပါ။
(၂)အိုးထဲတွင်ဆီထည့်ပြီးအပူပေးပါ။ဆီပူလာပါကကြက်သွန်နီကြော်ပါ။အရောင်အနည်းငယ်ရပါကကြက်သွန်ဖြူထည့်ကြော်ပါ။
(၃)ကြက်သွန်များရွှေဝါရောင်သမ်းပါကနှမ်းထောင်း၊ဟွားကျောက်၊ရှောက်ကော၊ငရုပ်သီးမှုန့်တို့ကိုထည့်ပါ။မီးလျော့ထားပါ။
(၄)ဆီသပ်နံ့မွေးလာပါကချဉ်စပ်ငရုပ်နှင့်ပဲငပိဟင်းခပ်မှုန့်တို့ကိုထည့်ပြီးအနည်းငယ်ခြောက်အောင်ချက်ပေးပါ။အေးသွားပါကပုလင်းသန့်သန့်တွင်ထည့်ပြီးသိမ်းဆည်းထားပါ။
***မာလာဟင်းချက်သောအခါတပွဲစာကိုနှစ်ဇွန်းသို့မဟုတ်လိုအပ်သလိုထည့်ပြီးချက်နိုင်ပါတယ်။
.....................
Sofia
အချက်အပြုတ်ဝါသနာရှင်များအတွက်မိမိတတ်ကျွမ်းသမျှလေးများဝေမျှပေးရာ Blog လေးဖြစ်ပါတယ်
22 November 2015
9 November 2015
မုန့်လင်မယား
မုန့်မောင်နှမ = မုန့်အုပ် = မုန့်လင်မယား
မြန်မာသားရေစာမုန့်တမျိုးဖြစ်တဲ့မုန့်လင်မယား၊မုန့်အုပ်၊မုန့်မောင်နှမလို့ခေါ်ကြတဲ့မုန့်ေ လးကြို မန်မာတိုင်းနှစ်သက်ကြမယ်ထင်ပါတယ်။ဒီမုန့်လေးနဲ့ပတ်သတ်ပြီးငယ်ဘဝအမှတ်တရလေးရှိပါတယ်။ဆိုဖီယာငယ်ငယ်ကတည်းကမုန့်လုပ်ဟ င်းချက်အရမ်းဝါသနာပါခဲ့တော့တတိယတန်းကျောင်းပိတ်ရက်မှာအသုပ်စုံ၊ဆန်ချိုအေး၊အုန်းနို့ခေါ က်ဆွဲမုန့်လင်မယားတွေလုပ်ရောင်းခဲ့ဖူးတယ်။ကိုယ်လုပ်ချင်တဲ့မုန့်လည်းလုပ်ရေ တာ့ပျော်တာပေါ့နော် ☺ ။မုန့်လုပ်နည်းအ ချိုးများကတယောက်နဲ့တယောက်အနည်းငယ်ကွဲပြားကြပါတယ်။ကျောင်းပိတ်ရက်မှာအိမ်မှာဘဲသန့်ရှင်းလတ်ဆပ်ပြီးသားငယ်သမီးငယ်များပါပါဝင်ကူညီလုပ်ကိုင်ပေးရင်းတပျော်တပါးလုပ်စားနိုင်ဖို့လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
မုန့်နှစ်ရည်တွင်ပါဝင်ပစ္စည်း (အခုရေ၈၀ခန့်)
******************
ဆန်မုန့် - နို့ဆီဘူးလေးခွက်
ကောက်ညင်းမှုန့် - နှစ်ဇွန်း စားပွဲဇွန်း
ပဲမှုန့်စိမ်း - နှစ်ဇွန်း စားပွဲဇွန်း
ကြက်ဥ - တစ်လုံး
ဖီးကြမ်းငှက်ပျော - တစ်လုံး
ဆား - နှစ်ဇွန်း လ္ဘက်ဇွန်း
ဟင်းခပ်မှုန့် - တစ်ဇွန်း စားပွဲဇွန်း
ဆော်ဒါ - လ္ဘက်ဇွန်း တဝက်
ရေကျက်အေး - ၁.၃လီတာ
**ဆန်ရေစိမ်ကြိတ်လိုပါကဆန်ကြမ်းတပြည်ကောက်ညင်းဆန်လက်တဆုပ်နာရီဝက်ရေစိမ်ရေစစ်ပြီးကြိတ်ပါ။
တွဲဖက်လိုအပ်ပစ္စည်း
***************
ကြက်သွန်မိတ်
နံနံပင်
ပဲပြုတ် တစ်ပန်းကန်
ဆားနှမ်းထောင်း
ဆီ ကြော်ရန်
ငုံးဥ လိုသလောက်
အချဉ်ရည်တွင်ပါဝင်ပစ္စည်း
******************
မန်ကျည်းမှည့်
ကြက်သွန်ဖြူ
ငရုပ်သီးစိမ်း
ထန်းလျက်
ဆား
ဟင်းခပ်မှုန့်
ပြင်ဆင်ပြုလုပ်နည်း
*************
(၁)ဦးစွာပထမမုန့်နှစ်ရည်တွင်ပါဝင်ပစ္စည်းများကိုရောစပ်ထားပါ။ ဆန်မှုန့်အခြောက်အသုံးပြုပါကမိနစ်၃၀ခန့်နှပ်ထားပါ။
(၂)မုန့်နှစ်ရည်တွင်ကြက်သွန်မိတ်နံနံပင်ထည့်မွေပါ။
(၃)အားလုံးအသင့်ဖြစ်ပါကမုန့်လုပ်သည့်အိုးအပူပေးကာဆီလူးပြီးမုန့်နှစ်ရည်ထည့်ကာပဲပြုတ်နှမ်းထောင်းဖြူးကာအရောင်ရသည်လာထိထားပါ။အရောင်ရပါကမုန့်နှစ်ခုအုပ်ပေးပြီးပူပူနွေးနွေးကို အချဉ်ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။

Subscribe to:
Posts (Atom)
ကြက်သားလုံးဟင်း (စူကြည်း)
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...

-
ပဲငပိကိုပုံစံအမျိုးမျိုးနဲ့နေရာဒေသအသီးသီးမှာဝယ်ယူရရှိနိုင်ပါတယ်။ကိုးရီးယား၊ဂျပန်၊တရုတ်နိုင်ငံ များမှပြုလုပ်ထားသည်များရှိပါတယ်။အရသာကွဲပြားမ...
-
Paratha ပလာတာခေါ်ထပ်တရာကိုနေရာတိုင်းမှာအလွယ်တကူဝယ်ယူနိုင်ပြီးများသောအားဖြင့်မနက်ခင်းစာအဖြစ်သုံးဆောင်ကြပါတယ်။အလွယ်တကူဝယ်စားဖို့လွယ်ကူေ...
-
ဆနွင်းမကင်းဆိုရင်မြန်မာအစားစာတခုဖြစ်လို့လူတိုင်းသိပြီးသားပါလုပ်နည်းလည်းတူကြပါတယ်။အချိုးကတော့တယောက်နဲ့တယောက်နည်းနည်းဆီကွဲကြတယ်။ခုလုပ်ထားတဲ့...