Stir Fry Beef in Oyster Sauce
အမဲခရုဆီမှိုဟင်းလေးပါ။အမဲသားမစားသူများအခြားနှစ်သက်ရာဖြင့်အစားထိုးပြီးကြော်နိုင်ပါတယ်။အချိန်တိုတိုနဲ့ချက်ရလွယ်ကူမြန်ဆန်ပြီးအရသာရှိတဲ့ဟင်းလေးဖြစ်ပါတယ်။ချက်ကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
******
အမဲသား သို့ နှစ်သက်၇ာအသား - ၂၀၀ ဂရမ်
ကြက်သွန်နီ ကြီးကြီး - တစ်လုံး
ငရုပ်ချို - တစ်လုံး
ကောက်ရိုးမှို - လက်တစ်ဆုပ်
ကြက်သွန်ဖြူ - ၂မြောင်း
ပဲငံပြာရည် အကြည် - တစ်ဇွန်း စားပွဲတင်
ခရုဆီ - ၂ဇွန်း
ဟင်းခတ်မှုန့် - ဇွန်း တဝက်
ကော်မှုန့် - တစ်ဇွန်း
ကြက်ပြုတ်ရည် သို့ေ၇ - အနည်းငယ်
သကြား - ဇွန်းတဝက်
ပြင်ဆင်ချက်ပြုတ်နည်း
*************
(၁)အသားကိုပါးပါးလှီးထားပါ။(မိုးခိုသား)ကြက်သွန်ကိုအကွင်းထူထူလှီးထားပါ။င၇ုပ်ချိုကိုလည်းအကွင်းလိုက်လှီးပါ။ ကောက်ရိုးမှို သို့နှစ်သက်ရာမှိုကိုထပ်ခြမ်းခြမ်းထားပါ။ကော်မှုန့်ကိုရေ၂ဇွန်းဖြင့်ဖျော်ထားပါ။ကြက်သွန်ဖြူရိုက်ပြားထားပါ။
(၂)အားလုံးအဆင်သင့်ဖြစ်ပါကပန်းကန်းတခုတွက်ထည့်ပြီးကော်မှုန့်မှ အပအရသာအားလုံးကိုထည့်ပါ။
(၃)ဒယ်အိုးကိုအပူပေးပြီးဆီထည့်ပါ။ပါဝင်ပစ္စည်းများအားလုံးကို တခါတည်းချကြော်ပါ။မီးပြင်းဖြင့်ကြော်ပါ။အသားအရောင်ပြောင်းပါကကြက်ပြုတ်ရည်အနည်းငယ်ထည့်ကာကော်မှုန့်ဖျော်ထားသည်ကိုထည့်ပြီးခပ်မြန်မြန်မွေပြီးအရသာအပေါ့အငံမြည်းကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။ မီးပြင်းဖြင့်ခဏသာကြော်သောဟင်းဖြစ်၍နူးညံ့သောအသားကိုအသုံးပြုပါ။
အချက်အပြုတ်ဝါသနာရှင်များအတွက်မိမိတတ်ကျွမ်းသမျှလေးများဝေမျှပေးရာ Blog လေးဖြစ်ပါတယ်
Subscribe to:
Post Comments (Atom)
ကြက်သားလုံးဟင်း (စူကြည်း)
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရ...
-
Chilli Pickle အချို့ဟင်းချက်ရာမှာမရှိမဖြစ်လိုအပ်တဲ့ငရုတ်ချဉ်လေးဘြဲ ဖစ်ပါတယ်။သုံးတတ်သူများအဖို့အလွယ်တကူဝယ်လို့မရ နိုင်တဲ့နေရာမှာကိုယ့်ဘ...
-
Snow Ear Fungus Sweet Soup ကျောက်ပွင့်အချိုပွဲလေးဟာဖြင့်ဆေးဖက်လည်းဝင်ပြီးအရွယ်တင်နုပျိုစေတယ်လို့ဆိုပါတယ်။Chinese Family အများစုဟာတပတ်ကို...
-
ပဲငပိကိုပုံစံအမျိုးမျိုးနဲ့နေရာဒေသအသီးသီးမှာဝယ်ယူရရှိနိုင်ပါတယ်။ကိုးရီးယား၊ဂျပန်၊တရုတ်နိုင်ငံ များမှပြုလုပ်ထားသည်များရှိပါတယ်။အရသာကွဲပြားမ...

No comments:
Post a Comment