အချက်အပြုတ်ဝါသနာရှင်များအတွက်မိမိတတ်ကျွမ်းသမျှလေးများဝေမျှပေးရာ Blog လေးဖြစ်ပါတယ်
14 July 2015
ကြက်ဥလိပ်
Egg Roll
ကြက်ဥကြော်ကိုပုံစံတမျိုးပြောင်းပြီးလှလှပပလေးကြော်ကြည့်ရအောင်နော်။ကြက်ဥလိပ်လေးကအမြင်လေးလည်းလှလို့ ဧည့်သည်အတွက် တည်ခင်းလို့လည်းရသလိုအိမ်က သားသားမီးမီး တို့လည်းအကြိုက် တွေ့စေမဲ့ကြက်ဥလိပ်လေးဖြစ်ပါတယ်ရှင်။
ပါဝင်ပစ္စည်း
******
ကြက်ဥ - လေးလုံး
မုန်လာဥနီသေးသေးစိတ် - နှစ်ဇွန်း စားပွဲတင်
ငရုပ်ပွ သို့ ကြက်သွန်မိတ် - နှစ်ဇွန်း
ဆား - အနည်းငယ်
ငရုပ်ကောင်းဖြူ - အနည်းငယ်
ဟင်းခပ်မှုန့် - အနည်းငယ်
နွားနိ့ သို့ ရေ - လေးဇွန်း
ပြုလုပ်နည်း
******
(၁) ကြက်ဥ လေးလုံးကိုကြေအောင် ခေါက်ပြီး နွားနို့၊ မုန်လာ ဥနီ၊ ကြက်သွန်မိတ် သို့ ငရုပ်ပွ ၊ ဆား၊ ငရုပ် ကောင်း၊ ဟင်းခတ်မှုန့် တို့ကို ထည့် ပြီး မွေပေးပါ ။
(၂)အိုးမကပ်သော ဒယ် တွင် ဆီ အ နည်း ငယ်ထည့်ပြီး ကြက်ဥကို ဇွန်းဖြင့်တဇွန်းခပ်ထည့်ပြီး မျက်နှာပြင် ညီအောင်အိုးကိုလှည့်ပေးပါ။ (၃)အောက် ခြေ ဘက်ကျက်လာ လျင် အနားတဖက် မှ အစကိုယူ ၍လိပ်ပေးပါ။
(၄)လိပ်ထားသော ကြက်ဥကို ဒယ်အိုးဘေးတဖက်တွင်ကပ်ပြီး ကြက်ဥအရည်နောက်တဇွန်းခပ်ထည့်ပါ။
(၅)ကျက်လျှင်ပထမလိပ်ထားသော ကြက်ဥလိပ်ဘက်မှ စပြီးပြန် လိပ်လာပါ ။ အထက်ပါအတိုင်းဆက်ပြီး ကြက်ဥ ရည် ကုန် တဲ့ ထိ လိပ်သွားပါ က ပုံပါ အတိုင်း အလိပ် လိုက် ရပါ့မယ်။
(၆)အလိပ် လိုက် အ ရောင် ရ လာ လျှင် အပြင် ထုတ် ပြီး အ အေး ခံက အ ကွင်း လိုက် လှီးပြီးသုံး ဆောင် နိုင်ပါပြီ ။
ပုံတွင်ပြု လုပ်ထားသောကြက်ဥအလိပ်သည် ကြက်ဥရှစ်လုံးစာ ဖြစ်ပါတယ်။
Subscribe to:
Post Comments (Atom)
ကြက်သားလုံးဟင်း (စူကြည်း)
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရ...
-
Chilli Pickle အချို့ဟင်းချက်ရာမှာမရှိမဖြစ်လိုအပ်တဲ့ငရုတ်ချဉ်လေးဘြဲ ဖစ်ပါတယ်။သုံးတတ်သူများအဖို့အလွယ်တကူဝယ်လို့မရ နိုင်တဲ့နေရာမှာကိုယ့်ဘ...
-
Snow Ear Fungus Sweet Soup ကျောက်ပွင့်အချိုပွဲလေးဟာဖြင့်ဆေးဖက်လည်းဝင်ပြီးအရွယ်တင်နုပျိုစေတယ်လို့ဆိုပါတယ်။Chinese Family အများစုဟာတပတ်ကို...
-
ပဲငပိကိုပုံစံအမျိုးမျိုးနဲ့နေရာဒေသအသီးသီးမှာဝယ်ယူရရှိနိုင်ပါတယ်။ကိုးရီးယား၊ဂျပန်၊တရုတ်နိုင်ငံ များမှပြုလုပ်ထားသည်များရှိပါတယ်။အရသာကွဲပြားမ...


No comments:
Post a Comment