ထူးဆန်းတဲ့ဟင်းမဟုတ်ပေမဲ့အလွမ်းပြေဟင်းတခွက်မို့တင်ပေးလိုက်ပါတယ်။တနေ့ကတည်ထားတဲ့ရှမ်းချဉ်လေးနဲ့ပိန်းဥဟင်းချိုချက်ထားတာပါ။ချက်နေရင်းကဇာတိမြေလေးကိုသတိရလိုက်တာ :)
ပါဝင်ပစ္စည်း
******
ပိန်းဥ - ၁ကီလို
ရှမ်းချဉ် - တပန်းကန်လုံး
ဆား - အနည်းငယ်
ဟင်းခပ်မှုန့် - တစ်ဇွန်း
နံနံပင် - အနည်းငယ်
ငရုပ်သီးစိမ်း - အနည်းငယ်
ပြင်ဆင်ချက်ပြုတ်နည်း
************
(၁) ပိန်းဥကိုအခွံသင်ပါ ရေမထိပါစေနဲ့ ။
(၂) လိုသလိုအတုံးတုံးပြီးချက်မည့်အိုးတွင်ထည့်ပြီးရေတချက်လောင်းဆေးပြီးလျှင်ရေမြုတ်အောင်ထည့်ပြီးတည်ပါ။
(၃)ထွက်လာသောအမြုပ်များကိုခပ်ထုတ်ပေးပြီးအရသာဖြည့်စွက်ပါ။
(၄)ပိန်းဥနူးလာပါကရှမ်းမုန်ညင်းချဉ်ထည့်ပြီးဆူပွက်အောင်တည်ပြီးနံနံပင်အုပ်ကာ၊အစပ်စားလိုပါကငရုပ်သီးစိမ်းရိုက်ထည့်ပြီးသုံးဆောင်နိုင်ပါပြီ။
အချက်အပြုတ်ဝါသနာရှင်များအတွက်မိမိတတ်ကျွမ်းသမျှလေးများဝေမျှပေးရာ Blog လေးဖြစ်ပါတယ်
Subscribe to:
Post Comments (Atom)
ကြက်သားလုံးဟင်း (စူကြည်း)
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရ...
-
Chilli Pickle အချို့ဟင်းချက်ရာမှာမရှိမဖြစ်လိုအပ်တဲ့ငရုတ်ချဉ်လေးဘြဲ ဖစ်ပါတယ်။သုံးတတ်သူများအဖို့အလွယ်တကူဝယ်လို့မရ နိုင်တဲ့နေရာမှာကိုယ့်ဘ...
-
Snow Ear Fungus Sweet Soup ကျောက်ပွင့်အချိုပွဲလေးဟာဖြင့်ဆေးဖက်လည်းဝင်ပြီးအရွယ်တင်နုပျိုစေတယ်လို့ဆိုပါတယ်။Chinese Family အများစုဟာတပတ်ကို...
-
ပဲငပိကိုပုံစံအမျိုးမျိုးနဲ့နေရာဒေသအသီးသီးမှာဝယ်ယူရရှိနိုင်ပါတယ်။ကိုးရီးယား၊ဂျပန်၊တရုတ်နိုင်ငံ များမှပြုလုပ်ထားသည်များရှိပါတယ်။အရသာကွဲပြားမ...

No comments:
Post a Comment