ယိုးဒယားသင်္ဘောသီးအမှည့်သုပ်လေးပါ။များသောအားဖြင့်အစိမ်းသာသုပ်စားကြတာများပါတယ်။ခုလိုအမှည့်သုပ်လည်းစားရတာ နူးညံ့ပြီးချိုချဉ်စပ်အရသာနဲ့စားလို့အလွန်ကောင်းပါတယ်။ပြုလုပ်ရလွယ်ကူပြီးပါဝင်ပစ္စည်းအနည်းငယ်နဲ့ဧည့်ဖိတ်၊ ညစာစားပွဲလိုမှာ appetizer တခုအနေနဲ့ပြင်ဆင်ပေးလို့ရပါတယ်။
ပါဝင်ပစ္စည်း
******
သင်္ဘောသီးမှည့် - အနေတော် တလုံး
Chilli Sauce - ၃ ဇွန်း
ယိုးဒယားငံပြာရည် - ၁ဇွန်း
ကြက်သွန်ဖြူ - တစ်မြောင်း နုတ်နုတ်စင်း
ပုဇွန်ခြောက်မှုန့် - ၂ဇွန်း
ံသံပုရာရည် - ၂ဇွန်း
ငရုပ်သီး - ၂တောင့် သေးသေးစိတ်
နံနံပင် - အလှဆင်ရန်
ပြင်ဆင်ပြုလုပ်နည်း
**********
(၁) သင်္ဘောသီးကိုအခွံသင်အစေ့ထုတ်ပြီးအတုံးတုံးထားပါ။
(၂)ပန်းကန်တခုတွင်ပါဝင်ပစ္စည်းအားလုံးနံနံပင်မှအပကိုရောမွေပြီးအရသာအပေါ့အငံမြည်းပါ။
(၃)အရသာသင့်တော်ပြီဆိုပါကစိတ်ထားသောသဘောသီးထည်းသို့လောင်းထည့်ကာသမအောင် သာသာမွေပေးပြီးပန်းကန်တွင်တည်ခင်းပြီးနံနံပင်ဖြင့်အလှဆင်ကာသုံးဆောင် နိုင်ပါပြီ ။
အချက်အပြုတ်ဝါသနာရှင်များအတွက်မိမိတတ်ကျွမ်းသမျှလေးများဝေမျှပေးရာ Blog လေးဖြစ်ပါတယ်
Subscribe to:
Post Comments (Atom)
ကြက်သားလုံးဟင်း (စူကြည်း)
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရ...
-
Chilli Pickle အချို့ဟင်းချက်ရာမှာမရှိမဖြစ်လိုအပ်တဲ့ငရုတ်ချဉ်လေးဘြဲ ဖစ်ပါတယ်။သုံးတတ်သူများအဖို့အလွယ်တကူဝယ်လို့မရ နိုင်တဲ့နေရာမှာကိုယ့်ဘ...
-
Snow Ear Fungus Sweet Soup ကျောက်ပွင့်အချိုပွဲလေးဟာဖြင့်ဆေးဖက်လည်းဝင်ပြီးအရွယ်တင်နုပျိုစေတယ်လို့ဆိုပါတယ်။Chinese Family အများစုဟာတပတ်ကို...
-
ပဲငပိကိုပုံစံအမျိုးမျိုးနဲ့နေရာဒေသအသီးသီးမှာဝယ်ယူရရှိနိုင်ပါတယ်။ကိုးရီးယား၊ဂျပန်၊တရုတ်နိုင်ငံ များမှပြုလုပ်ထားသည်များရှိပါတယ်။အရသာကွဲပြားမ...

No comments:
Post a Comment