ပါဝင်ပစ္စည်း
******
ပဲပိုးတီ - ၂၅၀ ဂရမ်
ကြက်သားသို့ နှစ်သက်ရာအသား - ၂၀၀ ဂရမ်
ကြက်သွန်နီ - တလုံး
ဂျင်းသေးသေးစိတ် - တဇွန်း
ကြက်သွန်ဖြူ - ၂မြောင်း
ခရမ်းချဉ်သီး - တလုံး
ရှမ်းမုန်ညင်းချဉ် - ၂၀၀ ဂရမ်
နံနံပင် - ၃ပင်
ငရုပ်သီး -၂တောင့်
ဆား - အနည်းငယ်
ဟင်းခပ်မှုန့် - တစ်ဇွန်း
ဆီ - အနည်းငယ်
ရှောက်ကောမှုန့် - လ္ဘက်ဇွန်းတစ်ဇွန်း
ပြင်ဆင်ချက်ပြုတ်နည်း
************
(၁)ဦးစွာကြက်သားသို့နှစ်သက်ရာအသားကိုပါးပါးစိတ်ပြီးဂျင်းကြက်သွန်ဖြူ၊ ဆားဟင်းခပ်မှုန့်ဖြင့်နှယ်ထားပါ။
(၂)ကြက်သွန်နီပါးပါးလှီးထားပါ။ငရုပ်သီးထပ်ခြမ်းခြမ်းထားပါ။ခရမ်းချဉ်သီအမြောင်းစိတ်ထားပါ။နံနံပင်ကိုလက်နှစ်ဆစ်ခန့်ဖြတ်ထားပါ။ပဲပိုးတီကိုရေဆေးသန့်စင်ထားပါ။
(၃)အားလုံးအဆင်သင့်ဖြစ်ပါကဒယ်အိုးတခုတွင်ဆီထည့်ပြီးကြက်သွန်ကြော်ပါ။
(၄)ကြက်သွန်နွမ်းလာပါကအသားထည့်ကြော်ပါ။
(၅)အသားအရောင်ပြောင်းပါကပဲပိုးတီထည့်ကြော်ပါ။ပဲပိုးတီကျက်မှသာလျှင်မုန်ညင်းချဉ်၊ငရုပ်သီး၊ခရမ်းချဉ်သီးတို့ထည့်ကြော်ပါ။ရေအနည်းငယ်ထည့်ပေးပြီးအရသာဖြည့်စွက်ပါ။
(၆)အပေါ့အငံမြည်းကာနံနံပင်အုပ်ပြီးတချက်နှစ်ချက်မွေကာပန်းကန်တွင်တည်ခင်းသုံးဆောင်နိုင်ပါပြီ။
အချက်အပြုတ်ဝါသနာရှင်များအတွက်မိမိတတ်ကျွမ်းသမျှလေးများဝေမျှပေးရာ Blog လေးဖြစ်ပါတယ်
14 July 2015
Subscribe to:
Post Comments (Atom)
ကြက်သားလုံးဟင်း (စူကြည်း)
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရ...
-
Chilli Pickle အချို့ဟင်းချက်ရာမှာမရှိမဖြစ်လိုအပ်တဲ့ငရုတ်ချဉ်လေးဘြဲ ဖစ်ပါတယ်။သုံးတတ်သူများအဖို့အလွယ်တကူဝယ်လို့မရ နိုင်တဲ့နေရာမှာကိုယ့်ဘ...
-
Snow Ear Fungus Sweet Soup ကျောက်ပွင့်အချိုပွဲလေးဟာဖြင့်ဆေးဖက်လည်းဝင်ပြီးအရွယ်တင်နုပျိုစေတယ်လို့ဆိုပါတယ်။Chinese Family အများစုဟာတပတ်ကို...
-
ပဲငပိကိုပုံစံအမျိုးမျိုးနဲ့နေရာဒေသအသီးသီးမှာဝယ်ယူရရှိနိုင်ပါတယ်။ကိုးရီးယား၊ဂျပန်၊တရုတ်နိုင်ငံ များမှပြုလုပ်ထားသည်များရှိပါတယ်။အရသာကွဲပြားမ...

No comments:
Post a Comment