13 July 2015

မလေးရှားငုံးကြော်

 Deep Fried Quail
ငုံးကြော်ကိုပုံစံအမျိုးမျိုးလုပ်ရောင်းကြတာတွေ့ဖူးကြမှာပါ။အများကြီးစုကြော်ထားပြီးဆေးဆိုးထားတာများလို့သိပ်မဝယ်စားဖြစ်ဘူးငုံးကြော်ကြက်ကြော်ကိုဆေးရောင်ကင်းကင်းအရသာရှိရှိလေးအိမ်မှာကြော်စားနိုင်ဖို့ကြော်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
*********
ငုံး - ဆယ်ကောင်
နနွင်း - ဇွန်းတဝက် စားပွဲဇွန်း
အရောင်တင်မှုန့် ငရုပ်သီးမှုန့် - နှစ်ဇွန်း
နံနံစေ့ အမှုန့် - တစ်ဇွန်း
ဇီယာမှုန့် - တစ်ဇွန်း
စမုံစပါးစေ့ အမှုန့် - တစ်ဇွန်း
ပြောင်းဖူးမှုန့် - ၂ဇွန်း
ဂျုံမှုန့် - ၃ဇွန်း
ဆား - ဇွန်းတဝက်
ကြက်သားမှုန့်  - ဇွန်းတဝက်
ဒိန်ချဉ် - ၂ဇွန်း (ကြက်သားဆိုပိုထည့်ပေးပါ)
ပြင်ဆင်ပြုလုပ်နည်း
*************
(၁)ငုံးကိုရေဆေးသန့်စင်ပြီးထပ်ခြမ်းခြမ်းထားပါ။
(၂)ပါဝင်ပစ္စ္စည်းများအားလုံးထည့်ပြီး၃နာရီခန့်နှပ်ထားပါ။
(၃)သုံးဆောင်မည့်အချိန်တွင်ဆီအိုးတည်ပြီးဆီပူပါကနှပ်ထားသောငုံးကိုထည့်ကြော်ပါ။
(၄)အရောင်ရပါကဆယ်ယူဆီစစ်ပြီးSambal Sauce သို့မဟုတ်နှစ်သက်ရာဆော့ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...