6 June 2015

Pasta with Truffle



ဒီပို့စ်လေးကကမ္ဘာမှာဈေးအကြီးဆုံးအစားစာ World Expensive Food ထဲမှာပါတဲ့ Truffle အကြောင်းလေးကို ဗဟုသုတအနေနဲ့ပြောပြချင်တာပါ ။ Truffle ကရှားပါးမှိုတမျိုးဖြစ်ပြီးအလွယ်တကူနေရာတိုင်းမှာမတွေ့နိုင်လို့မသိသေးတဲ့အကိုအစ်မ များကိုဗဟုသုတအနေနဲ့လေ့လာမိသမျှဝေမျှပေးရင်းသိပြီးသားအကိုအမများကလည်း လိုအပ်တာလေးရှိရင်ပြောပြပေးစေချင်ပါတယ်နော်။ ပုံမှာပါတဲ့ Truffle ဆိုတာ Underground Fungus မြေအောင်းမှိုတမျိုးပါ။ White truffle နဲ့ Black Truffleဆိုပြီးနှစ်မျိုးရှိပါတယ်။ တစ်နှစ်မှာ နိုဝင်ဘာလကနေ မတ်လလောက်ထိသာ ပြင်သစ်နိုင်ငံ၊အီတလီနိုင်ငံမှာထွက်ပါတယ် ။တရုပ်မှာလည်း အနည်းအကျဉ်းထွက်တယ်လို့ဆိုပါတယ်။ပြင်သစ်နဲ့အီတလီကနေထွက်တဲ့ဒီ Truffle မြေအောင်းမှိုကခက်ခက်ခဲခဲရှာဖွေကြရလို့ရယ်၊ ရာသီအကန့်အသတ်ကြောင့်ရယ်၊ဝေးလှန်လှတဲ့နိုင်ငံတွေကနေလာလို့ရှားပါးပြီးကမ္ဘာ့မှာဈေးအ
မြင့်ဆုံးအစားစာစာရင်းဝင်သွားရခြင်းဖြစ်ပါတယ်။
ရှာဖွေပုံလေးနည်းနည်းပြောပြချင်ပါတယ်။မျက်စိနဲ့မြင်နိုင်တဲ့မြေပေါ်မှိုကိုတော့ရှာဖို့လွယ်ပေမဲ့မြေအောင်မှိုရှာဖို့ကျခက်ခဲပါတယ်။ဒါကြောင့်Truffle Hunting Dog ,Truffle Hunting Pigs တွေကိုသေချာမွေးမြူသင်ကြားပေးပြီးရှာဖွေရပါတယ်။
Truffle ကိုအများဆုံးဟိုသည်ကြီးများနဲ့ အဆင့်မြင့်စားသောက်ဆိုင်တွေမှာရရှိနိုင်ပါတယ်။ Truffle ပါတဲ့ pasta တပွဲကိုအများဆုံးဒေါ်လာတစ်ရာထိပေးပြီးစားကြတယ်လို့ဆိုပါတယ်။ တစ်ပွဲဒေါ်လာတစ်ရာဆိုတာ ပုံမှာပြထားသလိုပါးပါးလေးခြစ်ပြီးလေးငါးဖတ်ဘဲပါပါတယ်။ တစ်ကီလိုရောင်းဈေး US 5500 လောက်ရှိပါတယ် ။ တန်ဘိုးကြီးရှားပါးပစ္စည်းမို့ ဘုရားကျောင်းတွေမှာအလှူခံပုံးထည်းကိုငွေသားအစား Truffleလုံးလေးတွေထည့်လှူကြတာလည်းလေ့လာသိရှိရပါတယ်။အရသာဘာထူးလည်းလို့မေးရင်တော့ စိမ့်စိမ့်မွေးမွေးနဲ့မြေသင်းနံ့နည်းနည်းရပါတယ်။ Truffleကိုဒီနေ့သူငယ်ချင်းတယောက်ဆီကလက်ဆောင်ရလို့Pageကအကိုအမ တို့ကို ဗဟုသုတအနေနဲ့မျှဝေပေးရင်း Truffle Pasta လေးကြော်ပြီးတင်ပေးလိုက်တယ်နော်။

ချစ်ခင်ရတဲ့အကိုအစ်မများအားလုံးစိတ်ချမ်းသာကိုယ်ကျန်း မာလို့ဗဟုသုတများလည်းတိုးပွားနိုင်ကြပါစေလို့ဆုတောင်း ရင်း ~~~~~~~~                  
                                                            ဆိုဖီယာ

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...