24 June 2015

Otak Otak ငါးပေါင်းထုပ်ကင်

Grilled Fish Cake
စင်္ကာပူမလေးရှားနဲ့အင်ဒိုနီးရှားမှာနာမည်ကြီးအစားအစာတမျိုးဖြစ်ပါတယ်။မြန်မာပြည်ကငါးပေါင်းထုပ်ပုံစံနဲ့ဆင်တူပြီးအရသာနဲ့ဟင်းခပ်အမွေးကြိုင်တွေကွဲပြားမှုရှိပါတယ်။ငါးပေါင်းထုပ်ကိုတော့ပေါင်းပြီးဒီတိုင်းစားကြပေမဲ့ ဒီ otak otak ကိုတော့မီးပြန်ကင်ပြီးငှက် ပျောဖက်နံ့သင်းသင်းကိုပြန်ယူကြပါတယ်။တချို့ကအုန်း၇ွက်နဲ့ထုပ်ကြပြီးတချို့ကတော့ငှက်ပျောဖက်သုံးကြပါတယ်။ထမင်းနဲ့တွဲ စား ကြသလိုသူကြည့်သပ်သပ်လည်းစားကြပါတယ်။bbq လုပ်၇င် လည်းotakကိုမပါမဖြစ်ထည့်တတ်ကြပါသေးတယ်။နေ၇ာဒေသတခုေ၇ာက်တိုင်းနာမည်ကြီး ဒေသစာလေးတွေလေ့ လာ၇င်းမ တူ ညီမှုများကိုသင်ယူဖြစ်တာလေးတွေကိုအသစ်အဆန်းအပြောင်းအလဲနှစ်သက်ကြမဲ့အိမ်ရှင်မများအတွက်မျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
******
အ၇ိုးမပါသောငါး - ၃၀၀ ဂရမ်
င၇ုပ်သီးအပွအရှည်တောင့် - ၅တောင့်
ကြက်သွန်နီဥသေး - ၅လုံး
ကြက်သွန်ဖြူ - ၂မြောင်း
ဂျင်း - ၃ပြား
စပါးလင် - တစ်ချောင်း
နနွင်းတက် - အနည်းငယ်
Candlenut - ၄လုံး
(မြန်မာအခေါ်မသိပါ စေးပိုင်အောင်ထည့်ခြင်းဖြစ်ပါတယ်)
နနွင်း၇ွက် - တစ်၇ွက်
အုန်းနို့ - ၅၀ml (cream)
ဆား - လ္ဘက်ဇွန်းတစ်ဇွန်း
သကြား - စားပွဲတင်ဇွန်း
သံပု၇ာသီး -တစ်စိတ်
ငှက်ပျောဖတ် သို့ အုန်း၇ွက်
ပြင်ဆင်ပြုလုပ်နည်း
**********
(၁)အ၇ိုးမပါသောငါးကိုခြစ်ထားကြိတ်ထားပါ။နနွင်း၇ွက်ကိုပါးပါးလှီးထားပါ။
(၂)ကြက်သွန်နီ၊ဖြူ၊စပါးလင်၊ဂျင်း၊ငရုပ်သီး၊နနွင်း၊candlenut တို့ကိုကြေညက်အောင်ထောင်းထားပါ။
(၃)အားလုံးအဆင်သင့်ဖြစ်ပါကပန်းကန်တခုတွင်အားလုံးထည့်ပြီးအုန်းနို့ဆားသကြားသံပု၇ာသီးတို့ဖြင့်သမအောင်နာနာနယ်ပေးပါ။ (၄)အ၇သာအပေါ့အငံမြည်းပြီးငှက်ပျောဖတ်သို့အုန်း၇ွက်ဖြင့်ထုပ်ပြီးေ၇ဆူအသင့်တည်ထားသောပေါင်းအိုးတွင်ဇကာခံပြီး၁၅မိနစ်ခန့်ပေါင်းပါ။
(၅)ငါးပေါင်းထုပ်ကျက်ပါက ထုတ်ယူပြီးအအေးခံကာမီးသွေးမီးဖို သို့အိုးပူတွင်ငှက်ပျောဖတ်နံ့မွေးအောင်အေ၇ာင်၇အောင်ကင်ပေးပြီးသုံးဆောင်နိုင်ပါပြီ။မီးမကင်ဘဲပေါင်းပြီးလည်းသုံးဆောင်နိုင်ပါတယ်

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...