24 June 2015

မလေးရှား ငါးကင်



Grilled Fish
ငါးကင်ကိုကလေးလူကြီးအရွယ်မရွေးနှစ်သက်ကြမှာပါ။ငါးကင်ကိုပုံစံအမျိုးမျိုးအ၇သာအမျိုးမျိုးနှစ်သက်သလိုကင်တတ်ကြပါတယ်။ခုကင်ထားတဲ့နည်းလေးကဟင်းခပ်အမွေးအကြိုင်အစုံနဲ့စပ်ရှိန်းရှိန်းအရသာမလေးရှားစတိုင်ငါးကင်လေးပါ။အကင်တွေစား၇င်ကျန်းမာေ၇းနဲ့မညီဘူးလို့ဆိုထားတော့ကျန်းမာေ၇းနဲ့ညီအောင်ကင်စားလို့၇တဲ့နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
*******
ကကတစ် - တစ်ကောင်
င၇ုပ်သီးနီအပွအရှည်တောင့် - ၃တောင့်
ကြက်သွန်နီဥသေး - ၃လုံး
ကြက်သွန်ဖြူ - ၂မြောင်း
ဂျင်း - ၃ပြား
စပါးလင် - တစ်ချောင်း
နနွင်းတက် - အနည်းငယ်
အုန်းနို့ - စားပွဲတင်၃ဇွန်း (cream)
ဆား - လ္ဘက်ဇွန်းတစ်ဇွန်း
သကြား - စားပွဲတင်ဇွန်း
သံပု၇ာသီး -တစ်စိတ်
ဖက်ဖယ်၇ွက် (Lasa Leave)
ဆီ - အနည်းငယ်
ငှက်ပျောဖတ်
အလူမီနီယံစက္ကူ
ပြင်ဆင်ပြုလုပ်နည်း
***********
(၁)ငါးကိုကြေးထိုးဗိုက်ဖောက်ပြီးေ၇ဆးသန့်စင်ကာဓားဖြင့်မွန်းထားပါ။
(၂)ပါဝင်ပစ္စည်းများမှင၇ုပ်သီး၊ကြက်သွန်နီဖြူ၊စပါးလင်၊နနွင်း၊ဂျင်း၊တို့ကိုထောင်းထားသို့ကြိတ်ထားပါ။
(၃)ထောင်းပြီးသားကိုပန်းကန်တခုတွင်ထည့်ပြီးဆား၊သကြား၊အုန်းနို့၊သံပုရာသီး တို့ကိုထည့်ပြီးမွေပေးပါ။
(၄)အရသာအပေါ့အငံမြည်းပြီးအသင့်ပြင်ဆင်ထားသောငါးကိုအတွင်းအပြင်ထူထူလူးပေးပါ။
(၅)ငါး၏ဝမ်းဗိုက်ထည်းသို့ဖက်ဖယ်၇ွက်နှင့်ထောင်းထားသောအနှစ်ကိုေ၇ာပြီးထည့်ပေးပြီးနာ၇ီဝက်ခန့်အ၇သာဝင်အောင်နှပ်ထားပါ။
(၆)ပြီးလျှင်ငါးကိုဆီလူးထားသောငှက်ပျောဖတ်ပေါ်တင်ပြီးအလူမီနီယံစက္ကူဖြင့်ထုပ်ပြီးovenတွင်200 'C ဖြင့် မိနစ်၃၀ကင်ပေးပါ။
(၇)ငါးအသားကျက်ပါကအလူမီနီယံစက္ကူဖြည်ပြီးငါး၏အပေါ်ယံကို ဆီလူးပေးပြီးအေ၇ာင်၇အောင်အနည်းငယ်ခြောက်သည် ထိပြန် ကင်ပေးပါကသင်းပျံ့မွေးကြိုင်နေသောငါးကင်ကိုနှစ်သက်၇ာဆော့စ်ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။မီးသွေးမီးဖိုဖြင့်ကင်လိုကကင်နိုင်ပါတယ်။ကင်နေစဉ်တွင်အပေါ်မှအုန့်နို့နှင့်ဆီေ၇ာထားသည်ကိုလူးပေးနိုင်ပါတယ်။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...