11 June 2015

Mee Rebus

Mee Rebus

Singapore Famous Foodထဲကတမျိုးဖြစ်တဲ့Mee Rebusခေါက်ဆွဲပြုတ်လေးဖြစ်ပါတယ်။စင်္ကာပူမလေးရှားမှာနာမည်ကြီးလူကြိုက်များတဲ့ခေါက်ဆွဲဖြစ်ပေမဲ့မူရင်းကအင်ဒိုနီးရှားခေါက်ဆွဲဖြစ်ပါတယ်။ဒီခေါက်ဆွဲလေးချက်ရတာနည်းနည်းတော့လက်ဝင်ပေမဲ့တကယ်လိုလိုလားလားသင်ပေးသူရှိတုန်းရသလောက်သင်ယူဖြစ်တာလေးတွေပြန်မျှဝေပေးတာပါ။စားနေကျပုံစံနဲ့မတူဘဲအနှစ်ပျစ်ပျစ်ဟင်းရည်နဲ့တွဲစားရတဲ့ခေါက်ဆွဲလေးပါ။ထူးခြားတဲ့ပါဝင်ပစ္စည်းအချို့နဲ့ချက်ထားပြီးအနံ့အရသာနဲ့ပြည့်စုံတဲ့MeeRebusချက်နည်းလေးကိုမြည်းစမ်းကြည့်ဖို့မျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း(ဆယ်ပွဲစာ)
*******
ကြက်ရိုးပြုတ်၇န်**
ကြက်သားကြက်ရိုး - ၅၀၀ ဂရမ်
သစ်ဂျပိုးခေါက် -သုံးချောင်း
ဖာလာစေ့ - ၃စေ့
လေးညင်း - ၅ပွင့်
နာနတ်ပွင့် - ၃ ပွင့်
ရေ - ၃လီတာ
Soup spice - တစ်ထုပ် (မထည့်လည်းရ)
ဟင်းရည်ချက်ရန်**
ကြက်သွန်ဥသေး - ဆယ်လုံး
ကြက်သွန်ဖြူ -ဆယ်မြောင်း
ဂျင်း - လက်တစ်ဆစ်
ပုဇွန်ခြောက် - လက်တစ်ဆုပ်
ပဲငပိအငံ - ၃ဇွန်း (Salted Bean )
ငရုပ်သီးမှုန့် - တစ်ဇွန်း စားပွဲဇွန်း
Curry Powder - ၃ ဇွန်း
စပါးလင် - ၂ချောင်း
ပဒဲကော -လက်တစ်ဆစ်
အာလူး - ၃၅၀ ဂရမ်
ကန်ဇွန်းဥ - ၄၀၀ဂရမ်
ဆီ -၁၅၀ ဂရမ်
မြေပဲလှော်ထောင်း - ၁၀၀ ဂ၇မ်
ဆား -၂ ဇွန်း စားပွဲဇွန်း
သကြား -ငါးဇွန်း
ဟင်းခပ်မှုန့် - နှစ်ဇွန်း
တွဲဖက်စားသုံးရန်**
ဂျုံခေါက်ဆွဲ - တစ်ကီလိုခွဲ
ပဲပင်ပေါက်- ၂၀၀ ဂရမ်
ပဲပြားကြော် - ၃ တုံး
ကြက်ဥပြုတ် -၁၀လုံး
ကြက်သွန်မိတ် -၅ပင်
တရုပ်နံနံ - တစ်စည်း
င၇ုပ်သီးစိမ်းအပွတောင့်ရှည် -၅တောင့်
ကြက်သွန်နီကြော် -တစ်ပန်းကန်
သံပုရာသီးအသေး -ဆယ်လုံး
ပြင်ဆင်ချက်ပြုတ်နည်း
*************
(၁)ကြက်ရိုးကြက်သားကိုရေသုံးလီတာသစ်ဂျပိုးခေါက်၊ဖာလာစေ့၊လေးညင်း၊နာနတ်ပွင့် ၊soup spiceအထုပ်လေးထည့်ပြီးဆူပွက် အောင်တည်ပါ။ဆူပွက်ပါကမီးလျော့ပြီးမီးသေးသေးဖြင့်တည်ပါ။အမြုပ်များခပ်ထုတ်ပေးကာတစ်နာရီခန့်တည်ပေးပါ။
(၂)ကြက်ပြုတ်ရည်အိုးတည်ထားစဉ်ဆီသပ်ရန်အတွက်ကြက်သွန်နီ၊ကြက်သွန်ဖြူ၊ဂျင်း၊ပုဇွန်ခြောက်၊ပဲငပိတို့ကိုရောပြီးကြိတ်ထားပါ။
(၃)ကန်ဇွန်းဥ၊အာလူးကိုနူးအောင်ပြုတ်ပြီးအခွံသင်ကာေ၇အနည်းငယ်ထည့်ပြီးကြိတ်ထားပါ။
(၄)စပါးလင်ကိုထုထားပါ။ပဒဲကောကိုပါးပါးစိတ်ထားပါ။
(၅)အားလုံးအသင့်ဖြစ်ပါကအိုးထဲတွင်ဆီထည့်ပြီးစပါးလင်ပဒဲကောကိုဆီသပ်ပါ။ကြိတ်ထားသည့်ကြက်သွန်အရောကိုထည့်ကြော်ပါ။လိပ်ပြီးဆီပြန်လာပါကcurry powderနှင့်အရောင်တင်မှုန့်ကိုေ၇ဖျော်ပြီးထည့်ပါ။ဆီပြန်လာသည်ထိမကပ်အောင်မွေပေးပါ။
(၆)ဆီပြန်လာပါကအသင့်တည်ထားပြီးသားကြက်ရိုးပြုတ်ရည်ကိုစစ်ထည့်ပါ။အာလူးနှင့်ကန်ဇွန်းဥကြိတ်ထားသည်ကိုထည့်ပါ။မြေပဲထောင်းထည့်ပါ။အရသာမှုန့်၊ဆား၊သကြားတို့ကိုထည့်ပြီးသမအောင်မွေပေးကာဆူပွက်အောင်တည်ပေးပါ။ပြုတ်ထားသောကြက်သားများကိုသေးသေးစိတ်ပြီးထည့်ပါ။
(၇)ဆူပွက်ပါကမီးအနည်းငယ်ဖြင့်ဟင်းရည်ကျအောင်တည်ထားပြီး အရသာအပေါ့အငံမြည်းပါ။
(၈)ဟင်းရည်ကျပါကပွဲပြင်ရန်ရေနွေးအိုးတအိုးတည်ထားပါ။ခေါက်ဆွဲနှင့်ပဲပင်ပေါက်ကိုရေနွေးဖျောပြီးပန်းကန်တွင်ထည့်ပါ။ပဲပြားသေးသေးစိတ်ကြော်ထားသည်ကိုထည့်ပါ။ကြက်ဥပြုတ်ထည့်ပါ။ဟင်းရည်ပူပူလောင်းထည့်ပြီးအပေါ်မှတရုပ်နံနံ၊ကြက်သွန်မိတ်၊င၇ုပ်သီးစိမ်းတို့ကိုထည့်ပြီးသံပုရာသီးညစ်ကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...