11 June 2015

ဘူးသီးကြော်

ဘူးသီးကြော်ထက်ဂေါ်၇ခါးသီးကိုပိုကြိုက်လို့ ဂေါ်၇ခါးသီးကြော် ထားတာပါ ☺
ဘူးသီးကြော်မုန့်နှစ်စပ်နည်းတွေအများကြီးရှိပါတယ်။တယောက်နဲ့တယောက်လည်းမတူကြပါဘူး။အကြော်မုန့်နဲ့ကြော်တာကတော့အလွယ်ကြော်တာပေါ့နော်။မတူတဲ့မုန့်နှစ်စပ်နည်းဖြစ်ပါကမိမိနှစ်သက်ရာနည်းဖြင့်ကြော်နိုင်ပါတယ်။ကျွန်မအတွက်ကတော့စိတ်တိုင်းအကျဆုံးမုန့်နှစ်အချိုးဖြစ်ပါတယ်ရှင် ။
မုန့်နှစ်တွင်ပါဝင်ပစ္စည်း
************
ဆန်မှုန့် - ၂၄၀ ဂရမ်
ကောက်ညင်းမှုန့် - ၁၂၀ ဂရမ်
ပဲမှုန့် အစိမ်း - တစ်ဇွန်း စားပွဲတင်ဇွန်း
ဆော်ဒါ - ဇွန်းတဝက် စားပွဲတင်ဇွန်း
Baking powder - ဇွန်းလေးပုံတစ်ပုံ
ဆား  - အနည်းငယ်
ဟင်းခပ်မှုန့် - တစ်ဇွန်း
အရောင်တင် - အနည်းငယ်
ရေ - ၃၆၀ ml
ပြင်ဆင်ပြုလုပ်နည်း
***********
မုန့်နှစ်အတွက်ပါဝင်ပစ္စည်းအားလုံးကိုရောစပ်ထားပါ။အပျစ်အနေထားမှာကြွက်မြီးတန်းထက်ပျစ်သောအနေထားဖြစ်ရပါမယ်။ကျဲရင် မုန့်နှစ်မကပ်ဘဲပျစ်လွန်းလျှင်ထူပျစ်ပျစ်နဲ့စားလို့မကောင်းပါ။ရေချိန်ထည့်ပေးထားတာခုလုပ်ထားတဲ့အချိုးကိုချိန်ထားခြင်းပါ။
ဘူးသီးကြော်မည်ဆိုပါကဘူးသီးကိုအလုံးလိုက်ရေဆေးပြီးရေခြောက်အောင်သုပ်ပြီးမှလိုသလိုလှီးပြီးဘမ်းတခုတွင်တတ်နိုင်သလောက်ခြောက်နေအောင်လေသလပ်ထားပါ။လေသလပ်ပြီးသားဘူးသီးကိုမုန့်နှစ်ရည်တွင်တခုဆီနှစ်ပြီးဆီပူပူတွင်ချကြော်ပါ။မုန့်နှစ်အိုးထည်းတွင်ဘူးသီးများကိုစိမ်မထားရ။ဆားအနည်းငယ်ပါသောကြောင့်ဘူးသီးမှအရည်များထွက်လာနိုင်ပါတယ်။အရောင်အတော်ညိုလာသည်ထိကြော်ပြီးဆယ်ယူဆီစစ်ကာနှစ်သက်ရာအချဉ်နှင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။
မန်ကျည်းချဉ်
*******
မန်ကျည်သီးမှည့် - ၁၀၀ ဂရမ်
ငရုပ်သီးအလှော်မှုန့် - တစ်ဇွန်း စားပွဲတင်ဇွန်း
ငံပြာရည် - တစ်ဇွန်း
ပဲငံပြာရည် - တစ်ဇွန်း
နံနံပင် - နှစ်ပင်
သကြား - တစ်ဇွန်း
အချိုမှုန့်သို့ ဟင်းခပ်မှုန့် - တစ်ဇွန်း
Chilli Sauce - သုံးဇွန်း (ချိုစပ်အရသာကဲစေ)

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...