17 June 2015

Breakfast Bread Bowl

Breakfast Bread Bowl
Ham , Egg & Cheese
Breakfastအတွက်ပုံစံတမျိုးပြောင်းပြီးလုပ်စားကြရအောင်နော်။မြန်မာ့ရိုးရာမနက်ခင်းစာကိုမြန်မာလူမျိုးတိုင်းနှစ်သက်ကြပေမဲ့တခါတရံတော့ပေါင်မုန့်ကြက်ဥလေးတွေလုပ်စားဖြစ်ကြမှာပါ ။ ခုလုပ်ထားတာလေးကတော့ Bread Bowl ဆိုပြီးပေါင်မုန့်ကိုပန်းကန်လုံးပုံစံလေးလုပ်ပြီးပြင်ဆင်ထားတာပါ။အိမ်ရှိကလေးများလည်းနှစ်သက်သဘောကျကြမယ်လို့ မျော်လင့်ပါတယ်ရှင်။
ပါဝင်ပစ္စည်း
******
ဘာဂါပေါင်မုန့် - ၂လုံး
အသားပြား - ၂ပြား
ကြက်ဥ - ၂လုံး
ချိစ် - ခွက်တဝက်
ဆား - အနည်းငယ်
ငရုပ်ကောင်း - အနည်းငယ်
ပြုလုပ်နည်း
******
(၁)ပေါင်မုန့်ကို အပေါ်ပိုင်းလှီးဖြတ်ပြီး ခွက်ပုံစံပြုလုပ်ပါ။ (၂)အတွင်းတွင်အသားပြားကိုခင်းပြီးချိစ်အနည်းငယ်ထည့်ပါ။
(၃)ကြက်ဥတလုံးဆီ ဖောက်ထည့်ပါ။
(၄)ဆားနှင့် ငရုပ်ကောင်းအနည်းငယ်ဖြူးပါ။
(၅)အပေါ်မှချိစ် ဖြင့်ဖုံးအုပ်၍ parsley ဖြူးပြီးအပေါ်ဖုံးကိုသာသာတင်ကာ အလူမီနီယံပတ်ပြီး oven တွင်၂၀၀ ဒီကရီဖြင့်မိနစ်၂၀ခန့်ထားပါ ။ (၆)မိမိနှစ်သက်သောကြက်ဥအနေထားရပါက အလူမီနီယံဖြည်ပြီးအရောင်ရအောင်အနည်းငယ်ကြွပ်အောင်ထားပြီးချက်ချင်းပူပူနွေးနွေး သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရ...