26 June 2015

ငါးအချောင်းကြော်

Crispy Fish Fingers
ယိုးဒယားစတိုင်ငါးအချောင်းကြော်ကိုပုံမှန်တော့တန်ပူ၇ာမှုန့်နဲ့ဘဲကြော်ပါတယ်။ေ၇ွှလိပ်ပြာသုံးလို့ရပါတယ်။ခုကြော်ထားတာတော့အပြင်ကပေါင်မုန့်ခြောက်ကပ်ထားပြီးပုံစံတမျိုးနဲ့ကြော်ထားတာလေးပါ။
ပါဝင်ပစ္စည်း
******
ငါးအသား (ငါးတန်) - ၅၀၀ ဂရမ်
ယိုးဒယားငံပြာရည် - နှစ်ဇွန်း စားပွဲတင်ဇွန်း
ခရုဆီ - တစ်ဇွန်း
ငရုပ်ကောင်း (ဖြူ) - အနည်းငယ်
ဟင်းခပ်မှုန့် - တစ်ဇွန်း
ရွှေလိပ်ပြာ (တန်ပူရာမှုန့်) - တစ်ထုပ်
ပေါင်မုန့်ခြောက် သုံးလိုက - တစ်ပန်းကန်
ပြင်ဆင်ပြုလုပ်နည်း
***********
(၁)ငါးတန်သားကိုအသုံးပြုလိုပါကအသားရဲ့အနီေ၇ာင်အညိုေ၇ာင်အပိုင်းများကိုသန့်စင်ပစ်ပါ။ညှီနံ့ပြင်းပါတယ်။ငါးကိုရေဆေးသန့်စင်ပြီးေ၇စစ်ကာအချောင်းလေးများလိုသလိုလှီးဖြတ်ထားပါ။
(၂)လှီးပြီးပါက ပန်းကန်တခုတွင်ထည့်ပြီးငံပြာရည်၊ခရုဆီ၊ငရုပ်ကောင်း၊ဟင်းခပ်မှုန့်တို့ကိုထည့်ပြီးနယ်ထားပါ။
(၃)ပန်းကန်တစ်ခုဖြင့်တန်ပူ၇ာမှုန့်ဖျော်ထားပါ။မပျစ်မကျဲအနေထားဖျော်ပါ။
(၄)အားလုံးအဆင်သင့်ဖြစ်ပါကဆီအိုတည်ထားပါ။ဆီပူလာပါက အရသာနယ်ပြီးသားငါးကိုမုန့်နှစ်၇ည်တွက်နစ်ပြီးဆီပူတွင်ချကြော်ပါ။ငါးများကိုဆက်တိုက်ထည့်ပြီးပါကမီးရှိန်ကိုအမြင့်ဆုံးထိတင်ပေးပြီးကြော်ပါကငါးအချောင်းကြော် ကြွပ်ရွပြီး ဖောင်းဖောင်းလေးတွေရရှိ မှာဖြစ်ပါတယ်။(ပေါင်မှုန့်ခြောက်ကပ်လိုကမုန့်နှစ်ကပ်ပြီးပေါင်မှုန့်ခြောက်ကပ်ပြီးဆီပူတွင်ချကြော်ပါ။)
(၅)အဆက်မပျက်မွေပေးပြီးေ၇ွှဝါေ၇ာင်၇ပါကဆယ်ယူဆီစစ်ကာ thai chilli sauce တွင်သံပုရာသီးညစ်ပေးပြီးတည် ခင်းသုံး ဆောင်နိုင်ပါပြီ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...