25 June 2015

ယိုးဒယားငါးဖယ်ကြော်

Thai Fish Cake with Cucumber Salad
ထူးဆန်းတဲ့ဟင်းလေးမဟုတ်ပေမဲ့ထိုင်းအစားအစာထဲမှာတော့နာမည်ကြီးလူကြိုက်များလှပါတယ်။အပြောင်းအလဲလေးလုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
******
ငါးဖယ် - ၂၅၀ ဂ၇မ်
ယိုးဒယားဟင်းအနှစ် (အနီ) - နှစ်ဇွန်း စားပွဲတင်ဇွန်း
ပြောင်းဖူးမှုန့် - နှစ်ဇွန်း
ငံပြာရည် - တစ်ဇွန်း
ကြက်ဥ - တဝက်
ပဲတောင့်ရှည် - ၃ချောင်း
ဆီ - ကြော်ရန်
ပြင်ဆင်ပြုလုပ်နည်း
***********
(၁)ငါးဖယ်ခြစ်ကိုပန်းကန်တခုတွင်ထည့်ပါ။အ၇ိုးများေ၇ွးထုတ်ပါ။
(၂)ကြက်ဥခေါက်ပြီးတဝက်ထည့်ပါ။ကော်မှုန့်၊ငံပြာရည်၊ယိုးဒယားဟင်းအနှစ်၊ပဲတောင့်ရှည်ပါးပါးစိတ်ထည့်ပါ။
(၂)ပါဝင်ပစ္စည်းအားလုံးထည့်ပြီးသမအောင်မွေပြီးနာနာ၇ိုက်ပေးပါ။
(၃)ပြီးလျှင်လက်ကိုေ၇စွတ်ပြီးလိုသလိုအပြားလေးများပြုလုပ်ကာဆီပူပူတွင်အေ၇ာင်ရ သည်ထိကြော်ပါ။
(၄)နီညိုေ၇ာင်သမ်းပြီးကြွပ်၇ွလာပါကဆယ်ယူဆီစစ်ပြီးသခွားချဉ် သို့မဟုတ်နှစ်သက်ရာအချဉ်နှင့်တွဲဖက်၍ပူပူနွေးနွေးသုံးဆောင်နိုင်ပါပြီ။
***အနီေ၇ာင်ဟင်းအနှစ်မရှိပါက င၇ုပ်သီး၊စပါးလင်၊ရှောက်ခါး၇ွက်များကိုပါးပါးလှီးထည့်ပြီးအစားထိုးနိုင်ပါတယ်။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရ...