Papaya Salad
ပါဝင်ပစ္စည်း
******
သင်္ဘောသီးခြစ်ပြီးသား - တစ်ပွဲစာ
မုန်လာဥနီ - အနည်းငယ်
ကြက်သွန်ဖြူ - ၂ မြောင်း
ငရုပ်စိမ်း - ငါးတောင့်
ထန်းလျက် -၂လုံး
ပဲတောင့်ရှည် - ၂ တောင့်
ခရမ်းချဉ်သီး - တစ်ခြမ်း
ငံပြာရည် - ၂ဇွန်း စားပွဲတင်ဇွန်း
သံပုရာရည် - ၂ဇွန်း
ပုဇွန်ခြောက် - ၂ဇွန်း
မြေပဲဆန် - ၂ဇွန်း
တွဲဖက်ပေးရန်
*******
ဂေါ်ဖီ
ပဲတောင့်ရှည်
ကန်စွန်းရိုးအနီ
ပြင်ဆင်ပြုလုပ်နည်း
**********
(၁)သဘောင်္သီးစိမ်းကိုအခွံသင်ပြီးခြစ်ပါ။မုန်လာဥနီရောခြစ်ထားပါ။
(၂)ပြီးလျှင် ရေဆေးပြီးရေစင်အောင်ညစ်ထားပါ။
(၃)ပဲတောင့်ရှည်ကို ၂လက်မအရှည်ဖြတ်ထားပါ။ခရမ်းချဉ်သီးကိုအမြောင်းကြီးကြီးလှီးထားပါ။
(၄)ဦးစွာဆုံတွင် ကြက်သွန်ဖြူ ၊ ငရုပ်သီး ထည့်ထောင်းပါ။
(၅)ထန်းလျက်ထည့်ထောင်းပါ။ ပဲတောင့်ရှည်တဝက်ထည့်ထောင်းပါ။
(၆)မြေပဲလှော်ထည့်ပါ။လုံးခြမ်းကွဲအနေထောင်းပါ။
(၇)ပုဇွန်ခြောက်၊ခရမ်းချဉ်သီးထည့်ပြီးနွမ်းရုံလောက်ထောင်းပါ။
(၈)သံပရာရည်နှင့်ငံပြာရည်ထည့်ပါ။အရသာအပေါ့အငံမြည်းပါ။
(၉)ရေညစ်ထားသောသင်္ဘောသီးသီးကိုထည့်ပြီးသမအောင်မွေပေးပါ။
(၁၀)အရသာချိုချဉ်စပ်ရပါပန်းကန်တွင် ဂေါ်ဖီ ၊ ပဲတောင့်ရှည်၊ကန်စွန်းရိုးနီ (ရှိလျှင်)တို့ဖြင့်တွဲဖက်ပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။
အချက်အပြုတ်ဝါသနာရှင်များအတွက်မိမိတတ်ကျွမ်းသမျှလေးများဝေမျှပေးရာ Blog လေးဖြစ်ပါတယ်
Subscribe to:
Post Comments (Atom)
ကြက်သားလုံးဟင်း (စူကြည်း)
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရ...
-
Chilli Pickle အချို့ဟင်းချက်ရာမှာမရှိမဖြစ်လိုအပ်တဲ့ငရုတ်ချဉ်လေးဘြဲ ဖစ်ပါတယ်။သုံးတတ်သူများအဖို့အလွယ်တကူဝယ်လို့မရ နိုင်တဲ့နေရာမှာကိုယ့်ဘ...
-
Snow Ear Fungus Sweet Soup ကျောက်ပွင့်အချိုပွဲလေးဟာဖြင့်ဆေးဖက်လည်းဝင်ပြီးအရွယ်တင်နုပျိုစေတယ်လို့ဆိုပါတယ်။Chinese Family အများစုဟာတပတ်ကို...
-
ပဲငပိကိုပုံစံအမျိုးမျိုးနဲ့နေရာဒေသအသီးသီးမှာဝယ်ယူရရှိနိုင်ပါတယ်။ကိုးရီးယား၊ဂျပန်၊တရုတ်နိုင်ငံ များမှပြုလုပ်ထားသည်များရှိပါတယ်။အရသာကွဲပြားမ...

No comments:
Post a Comment