26 June 2015

ပုဇွန်​ကုန်း​ဘောင်​ကြီး​ကြော်

ထမင်းမြိန်စေမဲ့ပုဇွန်ကုန်းဘောင်ကြီးကြော်ဆိုင်ဟင်းလေးကိုအတော်များများနှစ်သက်ကြလိမ့်မယ်ထင်ပါတယ်ချက်ရလွယ်ကူမြန်ဆန်တဲ့ဟင်းတခွက်လည်းဖြစ်ပါတယ်။ဆိုဖီယာတော့ဆီပြန်ဟင်းတွေကိုအချိန်ပေးပြီးတမနက်ခင်းလုံးချက်ရတဲ့ဟင်းတွေထက်စာရင်ခုလိုခုကြော်ခုစားအကြော်ဟင်းပွဲလေးတွေပိုကြိုက်ပါတယ်။(ပျင်းတာ :-P ) ပါဝင်ပစ္စည်းများကြိုတင်လှီးဖြတ်ထားပြီးစားခါနီးမှသာလျှင်ကြော်ပြီးပူပူနွေးနွေးသုံးဆောင်နိုင်ပါတယ်။ချက်ကြည့်ရအောင်နော် ။
ပါဝင်ပစ္စည်း
******
ပုဇွန်  - ဆယ်ကောင် (ကြက်၊ငါး၊အမဲသား)
ကြက်သွန်နီ - အနေတော် ၂လုံး
ဂျင်းကြက်သွန်ဖြူထောင်း - တစ်ဇွန်း လ္ဘက်ဇွန်း
ဆား -ဇွန်းတဝက်
ဟင်းခပ်မှုန့် - တစ်ဇွန်း
ကော်မှုန့် - တစ်ဇွန်း
ခရမ်းချဉ်သီး -တစ်ခြမ်း
ရွှေပဲ - ၅တောင့်
ငရုပ်သီးခြောက် - ၅ တောင့်
ရှောက်ကော တရုပ်မဆလာ - အနည်းငယ်
Sweet Soya Sauce - တစ်ဇွန်း
(အနောက်ရည်)
ဆီ - လိုသလောက်
ပြင်ဆင်ချက်ပြုတ်နည်း
************
(၁)ဦးစွာပထမပုဇွန်ကိုရေဆေးသန့်စင်ကျောခွဲထားပါ။ဆား၊ဟင်းခ ပ်မှုန့်၊ဂျင်းကြက်သွန်ဖြူထောင်း၊ကော်မှုန့်ထည့်ပြီးနယ်ထားပါ။
(၂)ကြက်သွန်နီအတုံးကြီးလှီးထားပါ။ခရမ်းချဉ်သီးအတုံးကြီးစိတ်ထားပါ။ငရုပ်သီးခြောက်ချွေထားပါ။ရွှေပဲကိုတဝက်စိတ်ထားပါ။
(၃)အားလုံးအဆင်သင့်ဖြစ်ပါကဒယ်အိုးတွင်ဆီထည့်ပြီးအပူပေးပါ။(ဆီအနည်းငယ်ပိုထည့်ပေးမှဟင်းပွဲလှပါတယ်။)
(၄)ဆီပူလျှင်ငရုပ်ခြောက်ကိုကျွမ်းအောင်ကြော်ပြီးဖယ်ထုတ်ထား ပါ။ပုဇွန်ကိုဆီပူတွင်တချက်ချကြော်ပါ။တဝက်ကျက်အနေထားရပါကဆယ်ယူဆီစစ်ထားပါ။
(၅)အိုးထဲမှဆီအချို့ကိုဖယ်ထုတ်ပြီးကြက်သွန်ထည့်ပြီးကြော်ပါ။ မီးပြင်းဖြင့်အေ၇ာင်ပြောင်း၇ုံကြော်ပါ ။ပုဇွန်၊ေ၇ွှပဲ၊ခရမ်းချဉ်သီးတို့ကို ထည့်ကြော်ပါ။
(၆)ကြက်ပြုတ်ရည်သို့မဟုတ်ေ၇အနည်းငယ်ထည့်ပေးပါ။အနောက်ရည်ထည့်ပြီးမွေပေးပါ။နောက်ဆုံးတွင်ရှောက်ကောမှုန့်ထည့်ပြီးငရုပ်သီးခြောက်ကြော်ထည့်ကာသမအောင်မွေပေးပြီးပန်းကန်တွင်တည်းခင်းသုံးဆောင်နိုင်ပါပြီ။
(မီးပြင်းဖြင့်ကြော်ပြီးကြက်သွန်တအားခြောက်ပြီးနွမ်းလျှင်စားမကောင်းပါ။)

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...