26 June 2015

ကုလားပဲသုပ်

ကုလားပဲသုပ်ကိုစားဖူးသူတိုင်းကြိုက်နှစ်သက်ကြမယ်ထင်ပါတယ်။ညနေပိုင်းအစာပြေအဖြစ်စားကြသလိုဟင်းတမယ်အဖြစ်လည်းတည်ခင်းလေ့ရှိပါတယ်။ကုလားပဲသုပ်လုပ်နည်းတယောက်နဲ့တယောက်သိပ်မကွဲကြပေမဲ့ရန်ကုန်မှာတော့ပဲရည်နဲ့ရောင်းပါတယ်။နယ်ဘက်ကတော့ပဲရည်နဲ့စားလေ့မရှိလို့မတူတဲ့လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
*******
ကုလားပဲလုံး - နို့ဆီဘူးတစ်ဝက်
ဆော်ဒါ - ဇွန်းတဝက် လ္ဘက်ဇွန်း
အာလူး - သေးသေးဆယ်လုံး
ဂျင်းကြက်သွန်ဖြူ - တစ်ဇွန်း စားပွဲဇွန်း
ကြက်သွန်နီ - ၂လုံး
နနွင်း - အနည်းငယ်
ဆား - ဇွန်းတဝက်
ဟင်းခပ်မှုန့် - တစ်ဇွန်း
မဆလာ -တစ်ဇွန်း
ဆီ - ၃ဇွန်း
တွဲဖက်စား၇န် **
င၇ုပ်သီးစိမ်း/ငရုပ်သီးမှုန့်
ဂေါ်ဖီ ကြက်သွန် -ပါးပါးစိတ်
မန်ကျည်းရည်
ပူစီနာ
ပြင်ဆင်ပြုလုပ်နည်း
***********
(၁)ကုလားပဲလုံးကိုတစ်ညေ၇စိမ်ထားပြီးေ၇ထည့်ပြုတ်ပါ။ရခါနီးတွင်ဆော်ဒါထည့်ပြီးနူးအောင်ပြုတ်ကာေ၇စစ်ထားပါ။
(၂)အာလူးသေးသေးကိုပြုတ်ပြီးအခွံသင်ထားပါ။အနေတော်အတုံးလေးစိတ်ထားပါ။အစိမ်းထည့်လိုကအခွံသင်ပြီးဆားဖြင့်နယ်ကာဆီပူတွင်ကြော်ထားပါ။
(၃)ကြက်သွန်ပါးပါးစိတ်ထားပါ။ဂျင်းကြက်သွန်ဖြူထောင်းထားပါ။
(၄)ဒယ်အိုးထဲတွင်ဆီထည့်ပြီးကြက်သွန်ဆီသပ်ပါ။နနွင်းထည့်ပါ။ ဂျင်းကြက်သွန်ဖြူထည့်ပါ။
(၅)ကြက်သွန်နွမ်းပြီးမွှေးလာပါကအာလူးနှင့်ပဲတို့ကိုထည့်ကြော်ပါ။
(၆)ဆားနှင့်ဟင်းခပ်မှုန့်ထည့်ပါ။ေ၇အနည်းငယ်ထည့်ပြီးအာလူးနှင့် ကုလားပဲအရသာဝင်အောင်တည်ထားပေးပါ။မဆလာထည့်ပါ။
(၇)အရသာအပေါ့အငံမြည်းပြီးအရမ်းမခြောက်စေရန်ေ၇အနည်းငယ်ချန်ပြီးမီးဖိုမှချထားပါ။
(၈)ပန်းကန်တွင်ထည့်ပြီးမန်ကျည်းမှည့်ရည်၊င၇ုပ်သီးမှုန့်သို့မဟုတ်၊ငရုပ်သီးစိမ်း၊ဂေါ်ဖီ၊ကြက်သွန်၊ပူစီနာတို့ထည့်ပြီးသမအောင်မွေကာ တည်ခင်းသုံးဆောင်နိုင်ပါပြီ။
***ပဲရည်ဖြင့်စားသောပဲသုပ်မှာပဲပြုတ်၊အာလူး၊ဂေါ်ဖီ၊ကြက်သွန်၊ပူစီနာ၊င၇ုပ်သီးစိမ်းတို့ကိုပန်းကန်တွင်ထည့်ပြီးပဲရည်စမ်းကာမဆလာဖြူးပြီးစားကြပါတယ်။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...