12 June 2015

ချပါတီအာလူးအစာသွပ်


 Chapati Stuffed With Potato
ချပါတီ Dough
*********
Wheat Flour - ၃၅၀ဂရမ် (ဂျုံကြမ်း)
ကြက်ဥ - တစ်လုံး
ဆား - လ္ဘက်ဇွန်း တစ်ဝက်
သကြား - နှစ်ဇွန်း စားပွဲတင်ဇွန်း
ရေ -  ၁၇၅ ml
ဆီ - ၂၀ ဂရမ်
အာလူးအစာပြုလုပ်ရန်
************
အာလူး  ကို ပြုတ်ပြီး အခွံသင်ပြီး ကျေ အောင်ချေပါ။အိုးတခုတွင် ဆီထည့်ပြီးကြက်သွန်နီဖြူဂျင်းတို့ကို နနွင်းထည့်ဆီသပ်ပြီးချေ ထား သော အာလူးကိုထည့်ပါ။ ဆားအနည်းငယ်ဟင်းခပ်မှုန့် တို့ထည့်ပြီး မွေပါ အရသာနံ့ စေရန်ရေ အနည်းငယ်ထည့် ပြီးနှံ့ အောင် မွေ၍ ကြက်သွန်မိတ်ပါပါးလှီး မဆလာထည့်မွေပြီးချကာအအေးခံထားပါ။
ဂျပါတီဂျုံ
*****
(၁)ဇလုံတခုတွင်ဂျုံမှုန့်နှင့်ပါဝင်ပစ္စည်းများကိုထည့်ပြီးဆယ်မိနစ်ခန့်နှယ် ပြီး နှပ်ထားပါ။
(၂)ဂျုံနှပ်လျှင်မိမိနှစ်သက်ရာဆိုဒ်အလုံးလေးများလုံးပါ(ခုလုပ်ထားတဲ့ ဆိုဒ်ရှစ်ခုရပါတယ်)
(၃)ပြီးလျှင်လုံးထားသောဂျုံကိုလိမ့်တုံးဖြင့်ဖြန့်ပြီးအအေးခံထားသော အာလူးကို အလယ်တွင်ထည့်ပြီး လေးထောင့်လေးခေါက်ပြီး ဘမ်းတခုတွင်ထည့်၍ဖုံးအုပ်ထားပါ(နှစ်ချပ်လိမ့်ပြီးကြားတွင်အစာထည့်ပါကပိုလိမ့်ရအဆင်ပြေပါတယ်။တချပ်ထည်းဆိုပါးတော့ သတိထားရပါတယ်)
(၄)ဂျုံလုံးအားလုံးအာလူးအစာသွပ်ပြီးပါကပထမဆုံးအစာထည့်သည့် အလုံးမှစကာဂျုံမှုန့်ဖြူးပြီးသာသာ ဖြန့်ပါ ။
(၅)အိုးတခုတွင်ဆီ (သို့ ) ထောပတ်သုတ်ပြီး ကြော်ပါ မီးပျင်းရပါမယ်။အရောင်ရလျှင်တဖက်ကိုလှန်ပြီးဆက်ကြော်ပါ။အပေါ်မျက်နှာပြင်ကိုထောပတ်သို့ ဆီသုတ်ပေးပါ။ (၆)နှစ်ဘက်လုံးအရောင်ရလျှင်ချ ပြီးမသုံးဆောင်မှီအိုးတခုတွင် ထည့်ပြီးလေလုံအောင်အုပ်ထားပါ။(လေသလပ်ကမာခြောက်ခြောက် ဖြစ်တတ်ပါတယ်)
(၇)တွဲဖက်စားရန် ကြက်သွန် ခရမ်းချဉ်သီးပူစီနံတို့ဖြင့်အချဉ်သုပ်ပြီး သုံးဆောင်နိုင်ပါသည်။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...