24 June 2015

ကြက်သွန်ကြော်

Crispy Onion Ring
ကြက်သွန်ကြော်ကိုစားနေကျပုံစံနဲ့မတူတမျိုးပြောင်းပြီးကြော်စားကြည့်ရအောင်နော်။အရသာရှိပြီးကြွပ်ရွကာလှလှလေးနဲ့တည်ခင်းနိုင်မဲ့ကြက်သွန်ကြော်လေးမို့အိမ်သားများဖို့အသစ်အဆန်းတည်ခင်းလိုတဲ့အိမ်ရှင်မများကြိုက်နှစ်သက်ကြမယ်ထင်ပါတယ်။
ပါဝင်ပစ္စည်း
******
ကြက်သွန်နီ - ၂လုံး (ကြီးကြီး)
ဂျုံမှုန့် - ၃ဇွန်း (လူး၇န်)
ဂျုံမှုန့် - ၁၀၀ ဂရမ် (မုန့်နှစ်ဖျော်ရန်)
ကော်မှုန့် (ပြောင်းမှုန့်) - ၂၅ ဂရမ်
ဟင်းခပ်မှုန့် - ဇွန်းတဝက် စားပွဲတင်ဇွန်း
Cajun Spices - တစ်ဇွန်း
(Cajun Spices အစားနှစ်သက်ရာဟင်းခပ်အမွေးအကြိုင်တခု အစားထိုးထည့်နိုင်သည်။Cajun Spice မှာဆားပါဝင်ပြီးသားမို့ ဆားထပ်မထည့်ထားပါ။အခြားဟင်းခပ်အမွေးကြိုင်သုံးပါကဆားအနည်းငယ်ထည့်ပေးနိုင်ပါတယ်။)
ကြက်ဥ အကာ - တစ်လုံး
နွားနို့ - ၁၂၅ ml
ပေါင်မှုန့်ခြောက် - တစ်ပန်းကန်
ဆီ - ကြော်ရန်
ပြင်ဆင်ပြုလုပ်နည်း
************
(၁)ကြက်သွန်ဥကြီးကြီးကိုအကွင်းလိုက်လက်မဝက်အထူခန့်လှီး
ဖြတ်ပါ။အကွင်းလိုက်အနေကြက်သွန်များကိုတစ်လွှာဆီခွာထားပါ။
(၂)တလွှာဆီခွာထားသောကြက်သွန်ကွင်းများကိုဇလုံတခုတွင်ထည့်ပြီးဂျုံမှုန့်၃ဇွန်းထည့်ပြီးသမအောင်မွေပေးပါ။ဂျုံမှုန့်များကြက်သွန်နေရာအနှံ့ကပ်မိအောင်ပြုလုပ်ပေးပါ။
(၃)ကြက်သွန်ကွင်းမှပိုသောဂျုံမှုန့်များကိုခါပြီးပန်းကန်တခုတွင်ကြော်ရန်အသင့်ထားပါ။
(၄)မှုန့်နှစ်ဖျော်စပ်ရန်အတွက်ပန်းကန်လုံးတခုတွင်ဂျုံမှုန့်နှင့်ပြောင်းဖူးမှုန့်ထည့်ပါ။Cajun Spice သို့ အခြားဟင်းခပ်အမွေးအကြိုင်၊ ဟင်းခပ်မှုန့်၊ကြက်ဥအကာ၊နွားနို့ထည့်ပြီးသမအောင်မွေပေးပါ။(လိုအပ်ပါကဆားအနည်းငယ်ထည့်ပေးပါ)
(၅)ပန်းကန်တခုတွင်ပေါင်မှုန့်ခြောက်အဆင်သင့်ထည့်ထားပါ။
(၆)အားလုံးအဆင်သင့်ဖြစ်ပါကဆီအိုးတည်ထားပါ။ဆီပူပါကဂျုံမှုန်ကပ်ပြီးသားကြက်သွန်ကိုတကွင်းဆီယူပြီးမုန့်နှစ်၇ည်တွင်နှစ်ပါ။
(၇)ကြက်သွန်ကွင်းမှ မုန့်နှစ်ရည်အပိုများကိုတူသို့မဟုတ်ညပ်ဖြင့် ကိုင်ပြီးပြန်သပ်ချကာပေါင်မုန့်ခြောက်ပန်းကန်တွင်ထည့်ပါ။နေ၇ာအနှံ့ကပ်မိစေရန်ဟိုဘက်ဒီဘက်လှန်ပြီးကပ်ပေးကာဆီပူပူတွင် ၂မိနစ် မှ၃မိနစ်ထိအရောင်ရသည်ထိကြော်ပါ။
(၈)ရွှေဝါရောင်အနေထားဖြင့်ကြွပ်၇ွနေသောကြက်သွန်ကွင်းကြော် ရပါကများကိုဆယ်ယူဆီစစ်ထားပြီး မရောနစ်သို့မဟုတ်Chilli Sauceဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...