24 June 2015

ပုဇွန်​​ကွေကာကြွပ်​​ကြော်

Crispy Butter Oat Prawns
( Cereal Prawns )
ပုဇွန်ကြွပ်ကြော်ကိုOatသို့Cerealဖြင့်အရသာထူးစွာတွဲဖက်ကြော်ထားသောပုဇွန်ကြော်လေးပါ။စင်္ကာပူမှာတော့များသောအားဖြင့်မိသားစုညစာစားပွဲအထိမ်းမှတ်ပွဲတွေမှာမပါမဖြစ်တည်ခင်းလေ့ရှိကြပါတယ်။တကယ်လည်းအရသာစွဲမက်ဖွယ်ကောင်းလှတဲ့ပုဇွန်ကြော်လေးပါ။လုပ်နည်းလေးကြည့်ရအောင်နော်
ပါဝင်ပစ္စည်း
******
ပုဇွန် - တစ်ကီလို
ကြက်ဥ - တစ်လုံး
ပြောင်းဖူးမှုန့် - ၃ ဇွန်း
Butter - ၁၀၀ ဂရမ်
Plain Oat သို့ Cereal - ၁၀၀ ဂရမ်
ကြက်သွန်ဖြူ - ၃မြောင်း
ငရုပ်သီး - ၃တောင့်
ပျဉ်းတော်သိမ်းရွက် - တစ်ခက်
သကြား - တစ်ဇွန်း စားပွဲတင်ဇွန်း
ဆား - အနည်းငယ်
ဆီ - ပုဇွန်ကြော်ရန်
ပြင်ဆင်ပြုလုပ်နည်း
***********
(၁)ဦးစွာပုဇွန်ကိုအမွေးများညှပ်ပြီးကျောခွဲသန့်စင်ကာရေစစ်ထားပါ။ (၂)ရေစစ်ထားသောပုဇွန်ထည်းသို့ကြက်ဥ၊ဆားနှင့်ပြောင်းဖူးမှုန့်ထည့်ပြီးနှယ်ထားပါ။
(၃)အိုးတခုတွင်ဆီကိုအပူပေးပြီးပုဇွန်ကိုချကြော်ပါ။ (၄)ပုဇွန်ရွှေဝါရောင်သန်းပြီးကြွပ်ပါကဆယ်ယူဆီစစ်ထားပါ။ (၅)ပြီးလျှင်ကြက်သွန်ဖြူကိုနုတ်နုတ်စင်းထားပါ။ငရုပ်သီးကိုလည်းပါးပါးလှီးထားပါ။
(၆)အိုးတခုတွင်ထောပတ်ထည့်ပြီးကြက်သွန်ဖြူဆီသပ်ပြီးငရုပ်သီးနှင့်ဆီသပ်ရွက်ထည့်ပါ။အနံ့မွှေးလာပါကOatသို့Cerealထည့်ပါသကြားနှင့်ဆားနည်းငယ်ထည့်ပြီးမီးအေးအေးဖြင့်ကြော်ပေးပါ။
(၇)Oatများမွှေးပြီးကြွပ်လာပါကဆယ်ယူဆီစစ်ထားသောပုဇွန်များကိုထည့်ပြီးသမအောင်မွေပေးပါ။လိုအပ်ပါကအရသာထပ်ဖြည့်ပြီးအရသာရှိလှသောကြွပ်ကြွပ်ရွရွပုဇွန်ကြော်ကိုထမင်းနဲ့ဖြစ်စေသားရေစာဖြစ်စေတည်ခင်းသုံးဆောင်နိုင်ပါပြီ ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...