1 June 2015

မြေဇာဥဆနွင်းမကင်း

မြေဇာဥဆနွင်းမကင်းကခွာ၇တာအနည်းငယ်လက်ဝင်ပြီးအ၇သာမှာတော့အမှန်တကယ်ကိုထူးခြားလှပါတယ်။
သူငယ်ချင်း Lin Thawdar ရဲ့နည်းလေးဖြစ်ပါတယ်။ကျေးဇူးပါ Sis Lin Thawdar :-)
ပါဝင်ပစ္စည်း
*******
မြေဇာဥ - တစ်ကီလို
ဂျုံမှုန့် - ၂၀၀ ဂရမ်
ေ၇ွှကြည် - ၅၀ ဂရမ်
အုန်းနို့ - ၂၀၀ ml
သကြား - ၁၅၀ ဂရမ်
ထောပတ် - ၂၀၀ ဂရမ်
ကြက်ဥ - ၂လုံး
အုန်းသီးခြောက်မှုန့် - ၂ဇွန်း စားပွဲတင်ဇွန်း
ဘိန်းစေ့ - ၂ဇွန်း
ပြင်ဆင်ပြုလုပ်နည်း
***********
(၁)မြေဇာဥကိုအခွံသင်ေ၇ဆေးသန့်စင်ပြီးကြေညက်အောင်ကြိတ်ထားပါ။ကြေညက်၇န်မလွယ်ကူပါကအုန့်နို့ထည့်ပြီးကြိတ်ပါ။
(၂)ပြီးလျှင်အိုးတခုတွင်ပါဝင်ပစ္စည်းများအားလုံးဘိန်းစေ့နှင့်အုန်းသီးမှအပအားလုံးထည့်ပြီးသမအောင်မွေကာမီးအေးအေးဖြင့်ဆီပြန်လုံးလာသည်ထိကျိုပေးပါ။
(၃)လုံးလာပါကမုန်ဖုတ်မည့်ဘမ်းတွင်ထည့်ပြီးကျစ်နေအောင်ဖိပေးပါ။
(၄)မျက်နှာပြင်ချောမွေ့ပါကဘိန်းစေ့နှင့်အုန်းသီးခြောက်မှုန့်ဖြူးကာovenတွင်၂၀၀ဒီဂရီဖြင့်မိနစ်၂၀ခန့်ဖုတ်ပြီးအေ၇ာင်၇ပါကအအေးခံကာလိုသလိုလှီးဖြတ်သုံးဆောင်နိုင်ပါပြီ။

1 comment:

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရ...