30 May 2015

Rice Burger

Rice Burger 

Rice Burger က ပေါင်မုန့်အစား rice cake ကို သုံးထားတာပါ အရသာနဲ့ပါဝင်ပစ္စည်းတော့ကိုယ်လိုသလို ဖန်တီးနိုင်ပါတယ်
ဦးစွာ ချက်ပြီးသားထမင်းနွေးနွေးကို ဇလုံတခုတွင် ထည့်ပြီး(ဆူရှီဆန်က အကောင်းဆုံးပါ၊ အဆင်ပြေသောဆန် အနည်းငယ်စေးသောဆန်ကိုလည်း အသုံးပြုနိုင်ပါတယ်) ကြက်သွန်မိတ်ပါးပါးလှီး၊ဆားအနည်းငယ်၊ငရုပ်ကောင်းအနည်းငယ် ထည့်မွေပါ။ ပြီးလျှင် လက်ကို ရေစွတ်ပြီး ခပ်ထူထူ1.5cmအပြားပြုလုပ်ပါ။အိုးမကပ်သောဒယ်တခုကိုအပူပေးပြီး ထောပတ်အနည်းငယ်ထည့်ကာ အပြားလုပ်ထားသောထမင်းကို အရောင်ရအောင်အိုးကင်းကပ်ကင်ပေးပါ။နှစ်ဘက်လုံးအရောင်ရပါက ပန်းကန်တခုတွင်အအေးခံထားပါ။
ဘာဂါအတွက်လိုအပ်သောပစ္စည်းများကိုပြုလုပ်ပါ့မယ်
လိုအပ်သောပစ္စည်း
မရောနစ် အနည်းငယ်
ချိစ် (သို့) နှစ်သက်ရာအသားပြား
ဆလပ်ရွက် ရေဆေးသန့်စင်ထားပါ
ခရမ်းချဉ်သီး ပါးပါးလှီး
သခွားသီးပါးပါး
ကြက်သွန် နှစ်သက်ကထည့်ပါ
အဆင်သင့်ဖြစ်ပါက Rice Burger လုပ်လို့ရပါပြီ
အအေးခံထားသော Rice cake ပေါ်တွင် မရောနစ်တဇွန်းကိုသုတ်ပါ။၎င်းအပေါ်တွင် ဆလပ်ရွက်၊ခရမ်းချဉ်သီး၊သခွားသီး ၊ချိစ်တို့ကိုတင်ပါ ပြီးလျှင် rice cake နောက်တခုကို မရောနစ် သုတ်ပြီးအပေါ်မှအုပ်ကာ chilli sauce , fried pototo တို့ဖြင့်တွဲဖက်သုံးဆောင် နိုင်ပါပြီ ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...