30 May 2015

ယိုးဒယားငါးပိထမင်း​ကြော်

Shrimp Paste Fried Rice
ယိုးဒယားစား​သောက်​ဆိုင်​​တွေမှာနာမည်​ကြီးလူကြိုက်​များပြီးချိုချဉ်​ငံစပ်​အရသာစုံတဲ့ယိုးဒယားငါးပိထမင်း​ကြော်​​လေးဘဲဖြစ်​ပါတယ်​။အားလပ်​ရက်​မိသားစုစုံညီ ချက်​စားနိုင်​တဲ့ထမင်း​ကြော်​​လေးကို​​ကြော်​ စားကြည့်​ရ​အောင်​​နော်​။
ပါဝင်​ပစ္စည်း
******
ထမင်း - တစ်ပွဲ
ပုဇွန်ငါးပိ - ဇွန်းတဝက် ( လ္ဘက်စားဇွန်း)
အချိုမှုန့်သကြားအရော - ၁ဇွန်း
ယိုးဒယားငံပြာရည် - ဇွန်းတဝက်( ဟင်းစားဇွန်း)
ခရုဆီ - ဇွန်းတဝက်
ဆီ - ၁ဇွန်း
တွဲဖက်အုန်းနို့ကြက်သားဟင်းအတွက်
*********************
ဆီ - ၁ဇွန်း
ကြက်သား - လက်တဆုပ် ၁၀၀ ဂရမ်
ယိုးဒယားဟင်းချက်အနှစ် - တစ်​ဇွန်း စားပွဲတင်​ဇွန်း
ငံ ပြာရည် - ဇွန်းတဝက်
ခရုဆီ - ဇွန်းတဝက်
အုန်းနို့ - ၁၂၅ ml
Curry powder - လ္ဘက်​ဇွန်းတစ်​ဇွန်း
တွဲဖက် ပေးရန်လိုအပ်သောပစ္စည်း
******************
သရက်သီးစိမ်း - အမျှင်စိပ်ထား
ကြက်ဥတလုံး-အပြားလိုက်ကြော်ပြီးအမျှင်လှီးထားတာ
ကြက်သွန်ဖြူ၂မြောင်း - ပါးပါးစိပ်
ကြက်သွန်နီ ဥ သေးသေး - အကွင်းလှီး
ဂျင်း၂ပြား - နုတ်နုတ်စိပ်
ငရုပ်သီးစိမ်းနီ - သေးသေးစိပ်
ပုဇွန်ခြောက်ကြော် - တဇွန်း
ပြင်ဆင်ချက်ပြုတ်ပုံ
**********
(၁)ဦးစွာထမင်းကိုအရင်ကြော်ပါမယ်။ဒယ်အိုးတခုတွင်ဆီအနည်းငယ်ထည့်ပြီးငါးပိကိုချကြော်ပါ။ ထမင်းထည့်ပါ ။ အချိုမှုန့်သကြား၊ ငံပြာရည် ၊ခရုဆီ ၊တို့ကို ထည့်ပြီး ကြော်ပါ။
(၂)ပြီးလျှင်ပန်းကန်လုံးတခုဖြင့်ထည့်ပြီးပွဲပြင်မည့်ပန်းကန်တွင်မှောက်ထည့်ထားပါ ။
(၃)ကြက်သားအုန်းနို့ဟင်းချက်ပါ့မယ်။
အိုးသေးသေးတခုတွင် ဆီအနည်းငယ်ဖြင့် Curry paste ကို ဆီသပ်ကာကြက်သားချကြော်ပါ (၄)အုန်းနို့ထည့်ပြီးပါဝင်တဲ့အချိုမှုန့်သကြား၊ငံပြာရည် ၊ခရုဆီ တို့ဖြင့်အရသာဖြည့်စွက်ပါ ။
(၅)အုန်းနို့အနည်းငယ်ပျစ်လာပါက curry powder ထည့်ပြီးပန်းကန်သေးသေးတခုဖြင့်ထည့်ပေးပါ ။
(၆)ပြီးလျှင်အသင့်ပြုလုပ်ပြီးသားတွဲဖက်ပစ္စည်းများကြက်ဥ အမျှင်၊ သရက်သီးစိမ်း၊ ကြက်သွန်ဖြူ ၊နီ၊ ဂျင်း၊ ငရုပ်သီးစိမ်းနီတို့ဖြင့်ပုံတွင်ပြထားသည့်အတိုင်းပြင်ဆင်ကာတည်ခင်းသုံးဆောင် နိုင်ပါပြီ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...