30 May 2015

သရက်​သီး​ရေခဲမုန့်

HomeMade Mango Ice cream
ရေခဲမုန့်လုပ်တဲ့စက်မလိုဘဲလုပ်ထားတဲ့ရေခဲမုန့်လေးဖြစ်ပါတယ်။ရေခဲမုန့်ကိုမကြိုက်တဲ့သူကတော့ရှားမယ်ထင်ပါတယ်။ကလေးလူကြီးအသည်းစွဲပေါ့။အပြင်မှာတခါတလေအရည်သွေးမကောင်းတဲ့ဆေးသကြားဆိုးဆေးတွေနဲ့လုပ်ထားတဲ့ရေခဲမုန့်တွေကြောင့်ကိုယ်ကလေးတွေရင်ကြပ်ချောင်းချိုးကြတာတွေလည်းကြုံဖူးကြမယ်ထင်ပါ တယ်။ရေခဲမုန့်လုပ်တဲ့စက်သေးသေးလေးတွေရှိပေမဲ့ ဆိုဖီယာအနေနဲ့ ကတော့အမြဲ စားတာမဟုတ်ဘဲဝယ်ထားဖို့ကြမဝယ်ချင်ဘူးပေါ့နော်။ ခုလိုစက်ဝယ်စရာမလိုဘဲရေခဲသေတ္တာတလုံးရှိရုံနဲ့သန့်ရှင်းလပ်ဆပ်ပြီးဆေးသကြားနဲ့ဆေးရောင်ကင်းတဲ့သဘာဝသစ်သီးအရသာများနဲ့ရေခဲမုန့်လေးတွေကိုအိမ်မှာလုပ်စားနိုင်တော့မှာဖြစ်လို့သူငယ်ချင်းတို့ကိုလည်းလုပ်နည်းလေးဝေမျှပေးလိုက်ပါတယ်နော်။သားသားမီးမီး တို့ကိုကိုယ်တိုင်လုပ်ကျွေးကြရအောင်နော်။
ပါဝင်ပစ္စည်း
******
နွားနို့ -   တစ်လီတာ
သကြား - ၆၅ ဂရမ်
ခရင်မ် - ခွက်တဝက် ၁၂၅ ml
Rose water နှင်းရည် - လ္ဘက်ဇွန်း တစ်ဇွန်း
သရက်သီးမှည့် - တစ်လုံး
သကြား - ၅၀ ဂရမ်
ရေ - ၁၂၅ ml
Pistacho သို့ နှစ်သက်ရာ သစ်သီးခြောက် - ၅၀ ဂရမ်
အနံ့ နှင့် နှင်းရည် နှစ်သက်လျှင်ထည့်ပါ။
ပြုလုပ်နည်း
******
(၁) နွားနို့ကိုအိုးတခုတွင်ထည့်ပြီးမီးအနေတော်ဖြင့်ကျိုပါ။
(၂)နဂိုရှိရင်းနွားနို့ရဲ့သုံးချိုးတစ်ချိုးကျန်သည်ထိအဆက်မပျက်မွေပေးပါ။
(၃)ပြီးလျှင်သကြား၆၅ ဂရမ် နှင့်ခရင်မ် ၁၂၅ ml ထည့်ပြီးမွေပေးပါ။သကြားပျော်ပါကမီးပိတ်ထားပေးပါ။ နွားနို့၏အပျစ်အနေထားမှာယောက်မတွင်ကပ်နေသောနို့ကိုလက်ချောင်းဖြင့်ဆွဲကြည့်ပါကနို့များပြန်လည်ရောမသွားသောအနေထားဖြစ်ရမည်။
(၄)သရက်သီးမှည့်ကိုခွာပြီးအနေတော်အတုံးလေးများတုံးထားပါ။
(၅)အိုးတခုတွင် ရေ ၁၂၅ml နှင့်သကြား ၅၀ ဂရမ် ကိုထည့်ပြီးကျိုပါ။
(၆)သကြားပျော်ပါကသရက်သီးသို့ နှစ်သက်ရာမိမိပြုလုပ်လိုသည်သစ်သီးထည့်ပြီးကျိုပေးပါ။
(၇)ပြီးလျှင်အသင့်ကျိုထားသောနွားနို့အိုးထည်းရောထည့်ပါ။
(၈)နှင်းရည် သို့ မိမိထည့်လိုသည့် အနှံ့ အမွေးအကြိုင်ထည့်ပါ။
(၉)သစ်သီးစေ့ ထည့်လိုကရေနွေးဖျောပြီးထည့်ပါ။သမအောင်မွေပေးပါ။
(၁၀)ပြီးလျှင်အအေးခံမည့်မွေရလွယ်သောစတီးခွက်ကျယ်ကျယ်တခုတွင်လောင်းထည့်ကာရေခဲသေတ္တာအခဲခန်းတွင်ထည့်ထားပါ။
(၁၁)နို့ခွက်ကိုမိနစ်၃၀ခန့်တခါထုတ်ယူပြီးရေခဲမုန့်ခဲလာထိမွေပေးပါ။
(၁၂)လုံးဝနည်းပါးခဲလာလျှင်မိမိသိမ်းဆည်းလိုသောဘူးတွင်ပြောင်းထည့်ပြီးအဖုံးပိတ်သိမ်းဆည်းထားကာလိုသလိုထုတ်ယူသုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...