30 May 2015

ကျောက်​မဲဆန်​ချို​အေး

ရှမ်းပြည်က အစားစာတခုပါ ။ဆန်ချိုလို့ခေါ်ကြပါ တယ်။နေ၇ာ​ဒေသအလိုက်​​အခေါ်လေး​တွေကွဲပါတယ်​။ဖျော်​ရည်​အတွက်​သီးသန့်​လုပ်​တာမို့ဆန်​ချိုအ​အေးလို့ဘဲနာမည်​​ပေးထားပါတယ်​။အေးတဲ့​ဒေသမှာမို့တနှစ်​မှာလအနည်းငယ်​​လောက်​သာလုပ်ေ၇ာင်းကြပါတယ်​။ လုပ်နည်းလေးမပြောခင် ဆန်ချိုနဲ့ပတ်သတ်တဲ့ကျမငယ်ဘဝအမှတ်တရလေးပြောပြချင်ပါတယ် ။ ငယ်ငယ်က နွေကျောင်းပိတ်ရက် ဆိုရင်ကလေးသဘာဝဆော့ကစားဖို့ဘဲစိတ်ဝင်စားချိန်​မှာကျွန်မကတော့ အိုးပုတ်တမ်းမဆော့ခဲ့ဖူးဘူး ။ တကယ်ဘဲချက်ချင်ခဲ့တာ။ဒါကြောင့်လူကြီးတွေအလစ်မီးဖိုထည်းဝင်ပြီး ကိုယ့်ဘာကိုယ်ဝင်ချက်တယ်။  မှတ်မှတ်ရရတတိယတန်းနှစ် နွေကျောင်းပိတ်တော့ ဆန်ချိုလုပ်ပြီးစရောင်းရတယ်။ နောက်ပိုင်း ကျတော့အ​အေးစုံ၊အုန်းနို့ခေါက်ဆွဲ၊နန်းကြီးသုပ်၊အသုတ်စုံ၊ပြန်ပေါင်းထုပ်၊လ္ဘက်သုပ်၊ဂျင်းသုပ်တွေလုပ်ရောင်းရတယ်။စလုပ်​​တော့မိဘတွေကကူပေးတာပေါ့နော်။အဲ့ဒီအချိန်ကစလို့ စားသောက်စရာတွေကိုစိတ်ဝင်တစားလေ့လာသင်ယူခဲ့တာပါ ။ ဆန်ချိုလုပ်ရောင်းခြင်းသင်​ယူခြင်း​တွေက ကျွန်​မလက်​ရှိ လျှောက်လှမ်း နေတဲ့ဘဝလမ်းကြောင်း ရဲ့ပထမဆုံးခြေလှမ်းအစလို့လည်းပြောလို့၇ပါတယ်။စကားနည်းနည်းရှည်သွားပြီ။ဆန်ချိုလုပ်နည်းပြောပြပါမယ်။
လိုအပ်သောပစ္စည်း
***********
ကောက်ညင်းဆန် နို့ဆီဘူး -၂ဘူး
ဆန်ချိုဆေးမှုန့် - ၁ဇွန်း (စားပွဲတင်​ဇွန်း)
သကြား -၂၅ကျပ်သား
ပြင်​ဆင်​ပြုလုပ်​နည်း
************
(၁)ပထမ ကောက်ညင်းကို ရေစိမ်ထားပြီးပေါင်းပါ။ ခပ်တင်းတင်းအနေထားပေါင်းရပါမယ်။ပေါင်းပြီးအအေးခံကာ ရေဆေးချပါ။ အစေးဓာတ်ကုန်သည်ထိဆေးပါ (၂)သန့်ရှင်းသော ဆီကင်းသော အဝကျယ်ပုံး သို့ ဘူးတခုတွင်ထည့်ပါ ။ ကောက်ညင်းနှစ်ဘူးလျှင်ရေ ၅လီတာခန့်ထည့်ပါ။ (၃)ဆန်ချိုဆေးကိုပိတ်စပါးတခုဖြင့်ထုတ်ပြီး ရေ စိမ်ထားသောကောက်ညင်းဆန်အတွင်းထည့်ကာ ဆေးအရည်ပျော်ရန်အနည်းငယ်ခြေပေးပြီးအထက်အောက်မွေပါ။
(၄)အဖုံးလုံအောင်ပိတ်ပြီးပူနွေးသောနေရာတွင်ဖောက်ထားပါ ။ ရာသီဥတု ပူနွေးပါက ၁ရက်ခွဲခန့်တွင် ရပါပြီ ။ဖောက်​ထား​သော​ကောက်​ညင်းဆန်​ဖတ်​များေ၇​ပေါ်​ပေါ​လော​ပေါ်လာပါက​ဆန်ချို​အေးပြုလုပ်​​၇န်​အသင့်​ဖြစ်​ပါပြီ။
(၅)ဖောက်ပြီးသားဆန်ချိုကို သကြားရည်၊ရေခဲ၊ သံပုရာသီးတို့ဖြင့် မိမိ နှစ်သက်ရာအရသာချိုချဉ် အနေထားဖျော်စပ်ပြီး သုံးဆောင်နိုင်ပါပြီ။
**ဖျော်စပ်ပြီးသားဆန်ချိုအေးကိုအပြင်တွင်တရက်ထားပါကအချို့သောသူများနှစ်သက်တဲ့အရသာပျင်းရှသောဆန်ချိုအေးကိုရမှာဖြစ်ပါတယ် ။
**​ကောက်​ညင်းမှာမ​ပျော့၇ပါ။
**ဆီကင်း​သောအိုးခွက်​များကိုသုံးရန်​။

1 comment:

  1. ဆန်ချိုဆေးမှုန့် ဆိုတာဘာပါလဲခငိဗျာ

    ReplyDelete

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...