30 May 2015

ပဲနို့


Home Made Soya Milk
အာဟာရပြည်ဝတဲ့ပဲနို့အလွယ်တကူဝယ်မရတဲ့နေရာတွေမှာသန့်ရှင်းလပ်ဆပ်တဲ့ပဲနို့ကိုအိမ်မှာကျိုပြီးကလေးလူကြီးအ၇ွယ်မရွေးသုံးဆောင်နိုင်ဖို့လွယ်ကူတဲ့ပဲနို့ကျိုနည်းလေးမျှဝေပေးလိုက်ပါတယ်။ပဲနို့ကိုပဲပိစပ်နဲ့ကျိုတာများသလိုမြေပဲနဲ့ကျိုတဲ့ပဲနို့လည်းရှိပါတယ်။ခုကျိုထားတဲ့ပဲနို့ကတော့ပဲပိစပ်ကိုအသုံးပြုထားပါတယ်။
ပါဝင်ပစ္စည်း
*******
ပဲပိစပ် - ၃၀၀ ဂရမ်
ရေ -၂လီတာ မှ ၂လီတာခွဲ
သကြား - လိုသလောက်
ပြုလုပ်နည်း
*******
(၁)ပဲပိစပ်ကိုရေဆေးသန့်စင်ပြီး လေးနာ၇ီခန့်ေ၇စိမ်ထားပါ။
(၂)နှစ်ဆခန့်ပွလာပါကေ၇စစ်ပြီးကြိတ်စက်ဖြင့်ညက်အောင်ကြိတ် ပါ။ေ၇နှစ်လီတာချိန်ထားပြီးလိုသလောက်သာထည့်ကြိတ်ပါ။ကြိတ်စက်အမျိုးစားပေါ်မူတည်ပြီးေ၇ထည့်ဖို့လိုပါတယ်။
(၃)အားလုံးကြိတ်ပြီးပါကအဝတ်ပါးတခုဖြင့်ပဲဖတ်များကိုစစ်ထုတ်ပါ။
(၄)စစ်ပြီးသားပဲနှစ်ရည်ကိုအိုးသန့်သန့်တွင်ထည့်ပြီးမီးဖိုတွင်မီးပုံမှန်ဖြင့်ဆူပွက်သည်ထိကျိုပေးပါ။အိုးမကပ်စေ၇န်အဆက်မပျက်မွေပေးပါ။
(၅)ဆူပွက်ပါကမီးကိုလျော့ချပြီး၅မိနစ်ခန့်ပဲစိမ်းနံ့ပျောက်အောင်တည်ပေးပါ။
(၆)ပဲစိမ်းနံ့ပျောက်ပါကမီးပိတ်အအေးခံကာမိမိနှစ်သက်၇ာအနေထားဖြင့်သကြားထည့်ဖျော်ကာအပူဖြစ်စေ၊အအေးဖြစ်စေလိုသလိုသုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရ...