30 May 2015

ဆီထမင်း

ဆီထမင်း

မြန်မာမနက်ခင်းအစားအစာထဲကဆီထမင်းကိုမြန်မာတိုင်းလိုနှစ်သက်ကြမယ်ထင်ပါတယ်။မနက်ခင်းစာဆီထမင်းငါးရံ့ခြောက်ဖုတ်နဲ့လ္ဘက်ရည်တခွက်ဆိုရင်ပြီးပြည့်စုံတဲ့မနက်ခင်းစာလေးဖြစ်မှာပါ။ဆီထမင်းချက်ရတာလွယ်ကူပါတယ်။မသိသေးသူများအတွက်ချက်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
*******
ကောက်ညင်းဆန် - ဆန်ချိန်ခွက်သုံးခွက်
ကြက်သွန်နီ - ၂လုံး
ဆား -လိုသလောက်
ဆီ - ၁၀၀ ဂရမ်
နနွင်း - အနည်းငယ်
တွဲဖက်စားရန်
ငါးရံ့ခြောက်ဖုတ် သို့ ဆိတ်သားခြောက်
ဘာလချောင်
ပြင်ဆင်ပြုလုပ်နည်း
**********
(၁)ကောက်ညင်းကိုရေဆေးပြီးရေလေးနာရီခန့်စိမ်ထားပါ။
(၂)ကြက်သွန်နီကိုပါးပါးလှီးထားပါ။
(၃)ဒယ်အိုးတွင်ဆီထည့်ပြီးကြက်သွန်နီကိုချကြော်ပါ။ရွှေဝါရောင်ရပါကဆယ်ယူဆီစစ်ထားပါ။
(၄)ပြီးလျှင်ကြက်သွန်ကြော်ထားသောဆီထဲသို့ကောက်ညင်းဆန်စိမ်ထားသည်ကိုေ၇စစ်ပြီးထည့်ပါ။ဆားနနွင်းထည့်ပါ။ရေကိုကောက်ညင်းမြုတ်ရုံမျက်နှာပြင်ညီအထက်အနည်းငယ်ပိုထည့်ုပြီးမီးဖိုတွင်အဖုံးအုပ်ပြီးတည်ပါ။
(၅)ဆူပွက်ပါကအိုးမကပ်စေရန်အထက်အောက်လှန်မွေပေးပါ။အရသာအပေါ့အငံမြည်းပါ။
(၆)ရေခမ်းသွားပါကမီးကိုအသေးဆုံးထိလျော့ချကာအဖုံးအုပ်ပြီးကောက်ညင်းနှပ်သည်ထိထားပါ။ဆီထမင်းဂျိုးကပ်သည်ကိုလိုချင်ပါကအနည်းငယ်အချိန်ပိုထားနိုင်ပါတယ်။
(၇)ကောက်ညင်းနှပ်ပါကပန်းကန်တွင်ထဲ့ပြီးအပေါ်မှကြော်ထားသောကြက်သွန်ကြော်၊ငါးရံ့ခြောက်၊ဆိတ်သားခြောက်တို့ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...