30 May 2015

ဆူရှီ






Sushi
အခုလုပ်နည်းမှာဆရာနှစ်ယောက်ဆီမှသင်ယူထားတာဖြစ်ပြီး you tubeမှအနည်းငယ်ဖြည့်စွက်ထားချင်းဖြစ်ပါတယ်မတူညီမှုများရှိလျှင် မိမိနစ်သက်ရာနည်းအတိုင်းပြုလုပ်နိုင်ပါတယ်။
ဆူရှီထမင်းအတွက်ပါဝင်ပစ္စည်း
****************
ဆူရှီ ဆန် - ၃ခွက် ဆန်ချိန်ခွက်
ဆန် ဗီနီဂါ - ၁ခွက်
သကြား - ၂ဇွန်း
ဂျပန် ဟင်းခပ်မှုန့် - အချိုမှုနု့်နဲ့အရသာဆင်
(၁)ဦးစွာထမင်းအရင်တည်ပါ။မပျော့စေနဲ့။
(၂)ထမင်းကျက်ပါကဇလုံတခုတွင်သွန်ထည့်ထားပြီးခေတ္တအအေးခံထားပါ။ယောက်မဖြင့်အထက်အောက်လှနိပေးပါ။
(၃)ခပ်နွေနွေးအနေထားတွင်ထမင်းပေါ်သိုဆန်ဗီနီဂါနည်းနည်းဆီထည့်ပြီးဖွဖွမွေပေးပါ။ သကြားထည့်ပါ။ အရသာမြည်းကြည့်ပြီးလိုအပ်ကထပ်မံဖြည့်စွက်ပါ။မွေစဉ်ဆန်လုံးမပျက်ရန်ဂရုပြုပါ။
(၄)ပြီးလျှင်အဖုံးအုပ်ပြီးဘေးဖယ်ထားကာအတွင်းတွင့်ထည့်ရန်အစာများပြင်ဆင်ပါ့မယ်။
အဓိကပါသောပါဝင်ပစ္စည်း
**************
ရေညှိခြောက် - တစ်ထုပ်
ဂျပန်မရောနစ် - လိုသလောက်
နှမ်း - အနည်းငယ်
ထောပတ်သီး - တစ်လုံး အမြောင်းစိတ်ကာသံပရာရည်ဖြင့်စိမ်ပါ
သခွားသီး - တလုံးအချောင်းစိတ်ထားပါ
မုန်လာဥနီ -တတောင့်အချောင်းစိတ်ထားပါ
ဆလပ်ရွက် - လိုသလောက်
မိမိပြုလုပ်မည့်ဆူရှီလိပ်ပေါ်မူတည်၍မိမိနှစ်သက်ရာအသားငါးကြက်တို့ကိုပြောင်းပြီးလိပ်သွားရန် ***
ကြက်ဥ - တစ်လုံး ခေါက်ပြီးခပ်ထူထူအချပ်ကြော်ကာအချောင်းလေးများဖြတ်ထားပါ။
ကြက်အူချောင်း - ၂ချောင်း ရေနွေးဖျော လေးစိတ်အချောင်းဖြတ်ပါ
ဂဏန်းချောင်း - ၂ချောင်း ရေနွေးဖျောပါ
ပုဇွန် - ရေနွေးဖျောထားပါ
အခြားနှစ်သက်ရာအစာများအသုံးပြုနိုင်ပါတယ်။
ဆူရှီစလိပ်ပါ့မယ်
*********
ဦးစွာ ဝါးယင်းလိပ်ကို ပလပ်စတစ်ဖြင့်ပတ်ထားပါ။ရေပန်းကန်တခုယူထားပါ။ဝါးယင်းလိပ်ပေါ်တွင်ရေညှိခြောက်ခင်းပါ။လက်ကိုရေစွပ်ပြီးထမင်းကိုအလုံးခပ်ကြီးကြီးလုံးပါ။ရေညှိပေါ်သို့နည်းနည်းဆီဖြန့်ပြီးခင်းပါ။ နှမ်းအနည်းငယ်ဖြူးပါ။(အပြင်လိပ်လိုပါကတဘက်သို့လှန်လိုက်ပါ။ ) ပါဝင်ပစ္စည်းများမှ သခွားသီး၊ မုန်လာဥ ၊ ဆလပ်ရွက် (မထည့်လည်းရ) ၊ ထောပတ်သီး ၊ နှစ်သက်ရာ ကြက်ဥ သို့ ကြက်အူချောင်း၊ဂဏန်းချောင်းထည့်ပြီးမရောနှစ်ထည့်ကာမိမိနှင့်နီးရာဘက်မှဖြည်းဖြည်းချင်းကျစ်နေအောင်လိပ်သွားပါ။ပြီးလျှင်ဓားထက်ထက်ဖြင့် လှီးဖြတ်ပြီး ဂျပန်ဂျင်းနု၊soya sauce တို့ဖြင့်တွဲဖက်သုံး ဆောင် နိုင်ပါပြီ ။

1 comment:

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...