31 May 2015

သစ်​သီးပီဇာ

Fruit Dessert Pizza

ခု Fruit Dessert Pizza လုပ် နည်း လေး ဘဲ ပြော ပြ မယ် နော် သူက ရိုးရိုးပီဇာ နဲ့ လုပ် ပုံ အဆင့် နည်းနည်းကွဲပါတယ် ဒိုးသားကတော့ တူတူပါဘဲ  ပထမ နှပ် နေ ပြီးသားဒိုးကို ဂျုံ မှုန့် ဖြူးပြီးပြန့် အောင် လက် ဖြင့် သော်လည်းကောင်းလိမ့်တုံးဖြင့် သော်လည်းကောင်းမိမိနှစ်သက်ရာ အထူနေထားထိ ဖြန့်ပါ အောက်ခြေတွင် ဂျုံမှုန့်  အနည်းငယ်ဖြူးပါ ပြီးလျှင် ခက်ရင်းတချောင်းဖြင့် အပေါက်လေးများနေ ရာ အနှံ့လိုက်ဖောက်ပေးပါ
(ဖုတ်ချိန်တွင်လေပူဖောင်းမထလာစေရန်)ဖြစ်ပါတယ်
ဘမ်းဖြင့်ဖုတ်မည်ဆိုပါကဘမ်းကိုဆီအနည်းငယ်သုတ်ပြီး ဖြန့် ထားသောဒိုးကို တင်ပါ
ပြီးလျှင် မျက်နှာပြင် အနှံ့ ကို butter ခပ်ပါးပါးသုတ်လိမ်းပြီး oven တွင် ၃ - ၄မိနစ်ခန့် (အပေါ်မီး280'C အောက်မီး200'C)ဖုတ်ပါ တမိနစ်ခဲ့ အ ချိန် တွင် တချက် ဖွင့် ကြည့်ပါ လေပူဖောင်းထလာပါက အချွန်တခု ဖြင့် ထိုးပြီးဖိချပေးပါ အရောင်ရလာပါကဒိုးသားကျက်ပါပြီ  အပြင်ထုတ်ပြီး ဆော့ နဲ့ သစ်သီး ထည့်ပါ့မယ် ခုလုပ်ထားတာကတော့ strawberry Jam နဲ့ sweet cream cheese ကို ရော ထားတဲ့ ဆော့ ကို သုတ် ထားတာပါ အလွယ်တကူ ကိုယ်နှစ်သက်ရာ Jam တခု သုတ်လည်းရပါတယ် ပြီးလျှင်ကိုယ် အဆင်သင့်လှီးထားသော သစ်သီးများကို ကိုယ် စိတ် ကူးရှိသလို ပုံဖော်စီရီ ထည့်ပြီးလှီးဖြတ် သုံးဆောင် နိုင်ပါပြီ ။ ။ ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...