31 May 2015

Bacon Egg Pizza

Bacon Egg Pizza

Pizza dough
**********
ဂျုံ - 1kg
Yeast - 4 gm
သကြား  - 20gm
ဆား  - 20gm
္တနွားနို့  - 25ml
သံလွင်ဆီ - 40 ml
ရေခဲ - 80 gm
ရေ - 420ml
(ဂျုံ တစ်ကီလို လုပ်လျှင် 12 လက်မ ပုံပါဆိုဒ် ၇ခုရပါတယ်။ အိမ်စားများမိမိပြုလုပ်မည့်အပေါ်ချိန်ဆနိုင်ရန် )
(၁)ဂျုံ နှင့် yeast ကို အရင်သမအောင်မွေ။ (၂)ကျန်ပါဝင်ပစ္စည်းအားလုံးကိုရောပြီး ရေခဲ၊ဆား၊သကြားပျော်အောင်မွေပြီးပါကဂျုံ နှင့်Yeast အရောထည်း ထည့်နှယ်ပါ။
(၃)ဂျုံသားပြောင်ချောလာသည်ထိနှယ်ပေးပါ။ပြီးလျှင်နှစ်သက်ရာဆိုဒ် အလုံးလေးများလုံးကာဆီသုပ်ဂျုံဖြူးထားသောဘမ်းတွင်နှစ်လက်မ လောက်ခြားကာစီထည့်ပြီးပလပ်စတစ်လုံအောင်ပိတ်ကာရေခဲသေတ္တာတွင်နှပ်ထားပါ။ပီဇာမလုပ်ခင်တရက်သို့နေ့ဝက်လောက်ကြိုလုပ်ထားတာကလက်နဲ့ဖြန့်ရတာပိုအဆင်ပြေပါတယ် ။တရက်တည်းမကုန်ရင် ဂျုံကိုရေခဲသေတ္တာတွင်၃ရက်လောက်အထားခံပါတယ် ။
ပီဇာပြုလုပ်နည်း
*********
ပီဇာလုပ်ဖို့ လို အပ်သော အဓိက ပစ္စည်းကတော့ Pizza sauce နဲ့ cheese ဘဲ ဖြစ်ပါတယ်
ကျန်တဲ့Ingredientsတွေကတော့မိမိပြုလုပ်မည့်ပီဇာအမျိုးစားပေါ်မူတည်ပြီး ကွဲပြားသွားမှာပါ။
Breakfast Bacn Egg Pizza အတွက်အောက်ခံ sauce ကို mayonnaise သုံးထားပါတယ်။ Mayonnaise အပေါ်က cheese ထည့်ပါ။ ပြီးတော့ကြက်ဥသုံးလုံးးခွဲထည့်ပါ။ Baconနှင့် ကြက်သွန်မိတ်ဖြူးပြီး oven တွင်အပေါ်မီး၂၈၀ဒီဂရီအောက်မီး၂၀၀ ဒီဂရီ ဖြင့် ၆မိနစ်ခန့်ဖုတ်ပြီး ဂျုံသားကျက်ပါကလှီးဖြတ်ကာသုံးဆောင် နိုင်ပါပြီ ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...