31 May 2015

ထိုင်းကြက်​ဆီထမင်း



Thai Style Chicken Rice
ကြက်​ဆီထမင်းချက်​ပုံချက်​နည်းပုံစံကွဲ​လေး​တွေရှိ​ပေမဲ့အ​ခြေခံအားဖြင့်​​တော့တူညီကြပြီးပါဝင်​ပစ္စည်းအနည်းငယ်​သာကွဲပြားတတ်​ကြပါတယ်​။ဆိုဖီယာမျှ​ဝေ​ပေးချင်​တာက​တော့ယိုးဒယားကြက်​ဆီထမင်းချက်​နည်း​လေးဘဲဖြစ်​ပါတယ်​။
ယိုးဒယားကြက်ဆီထမင်းချက်ရန်အတွက်ဦးစွာပထမကြက်ဆီအရင်ချက်ရပါတယ်။ကြက်ဆီဖတ်ကိုကိုယ့်အိမ်မှာစုထားတာဖြစ်ဖြစ်၊ဈေးကဖြစ်ဖြစ်ဝယ်ယူလို့ရပါတယ်။
ကြက်​ဆီချက်​၇န်​လိုအပ်​​သောပစ္စည်း
********************
ကြက်ဆီဖတ် -တစ်ကီလို
စပါးလင် - နှစ်ချောင်းထုပြီးထုံးပါ။
ဂျင်း - ခပ်ကြီးကြီးနှစ်တက်ထုပြားထားပါ။
သံပုရာသီးကြီးကြီး - တလုံးထပ်ခြမ်းခြမ်းပါ။
ကြက်သွန်ဖြူ - ဥကြီးကြီး အခွံမသင်ဘဲအလယ်ကနေထပ်ခြမ်းခြမ်းထားပါ။
ကြက်​ဆီချက်​နည်း
**********
(၁)ပါဝင်ပစ္စည်းအားလုံးကိုကြက်ဆီဖတ်နှင့်ရောပြီးမီးပြင်းဖြင့်တည်ပါ။မကြာမကြာ မွေပေးပါ။ (၂)အိုးကပ်လာလျှင်မီးလျော့ပြီးကြက်ဆီဖတ်များကြွပ်လာသည်ထိကြော်ပေးပါ။
(၃)ကြွပ်လာလျှင်ထွက်လာသောဆီများကိုစစ်ထုတ်ပြီးပုလင်းတခုဖြင့်ထည့်ထားပြီးမိမိချက်လိုသောအချိန်တွင်အဆင်သင့်ရှိအောင်သိမ်းထားနိုင်ပါတယ်။
ကြက်ဆီထမင်းချက်နည်း
**************
ဆန် - ၆ခွက် ဆန်ချိန်ခွက်
ကြက်ဆီ - ၁၀၀ ဂရမ်
ဂျင်း - လက်တစ်ဆစ်ပါးပါးလှီး
ကြက်သွန်ဖြူ - ၅မြောင်း ဓားပြားရိုက်
စပါးလင် - တစ်ချောင်း ထုပြီးထုံးထားပါ။
ဆွမ်းမွှေးရွက် - နှစ်ပင် ထုံးထားပါ။
ဆား - တစ်ဇွန်း စားပွဲတင်ဇွန်း
သကြား - တစ်ဇွန်း
ဟင်းခပ်မှုန့် - တစ်ဇွန်း
ကြက်​ဆီထမင်းချက်​နည်း
**************
(၁)ဦးစွာဆန်ဆေးပြီးရေစစ်ထားပါ။
(၂)ချက်မည့်အိုးတခုတွင်ချက်ပြီးသားကြက်ဆီကိုထည့်ပါ။
(၃)ဂျင်း၊ ကြက်သွန်ဖြူ  ၊စပါးလင်တို့ကိုကြက်ဆီ ဖြင့်ဆီသပ်ပါ။
(၄)အနံ့မွှေးလာလျှင်ဆန်ထည့်ပါ။ဆွမ်းမွေးရွက်ကိုထုံးပြီးထည့်ပါ။
(၅)ကြက်ပြုတ်၇ည်ရ​ရှိ၇န်​အတွက်ြ​ပုလုပ်​နည်းမှာ ကြက်​ကိုဆား၊ဟင်းခပ်​မှုန့်​တို့ဖြင့်​သမ​အောင်​နယ်​ပြီး ၁နာ၇ီခန့်​နှပ်​ထားပြီးဂျင်းလက်​တစ်​ဆစ်​ခန့်​ထည့်​ကာေ၇မြှုပ်​၇ုံထည့်​ပြီးနူးအိသည်​ထိပြုတ်​ထားပြီးဆယ်​ယူအ​အေးခံထားပါ။ကျန်​ရှိ​သောကြက်​ပြုတ်ေ၇ကိုထမင်းချက်​၇ာတွင်​ကြက်ပြုတ်ရေအဖြစ်​အသုံးပြုပါ။ကြက်​ပြုတ်​၇ည်
မရှိလျှင်ကြက်သားမှုန့် ဖြင့်ဖျော်ပြီးသုံးနိုင်ပါတယ်။
(၆)အရသာဆား၊သကြား၊ဟင်းခပ်မှုန့်ထည့်ပြီးတည်ပါ။
(၇)ဆူပွက်လာလျှင်ကြက်ဆီများအပေါ်အောက်နှံ့အောင်နှစ်ခါလောက်မွေပေးပါ။
ကျက်လျှင်ကြက်ပေါင်း၊ကြက်ကင်၊ကြက်ကြော်၊သခွားသီး၊နံနံပင်​ မိမိနှစ်သက်ရာဖြင့်တွဲဖက်သုံးဆောင်
နိုင်ပါပြီ။
တွဲဖက်​စားရန်​​ဆော့စ်​ပြုလုပ်နည်း
******************
ပဲငပိအငံ - အချိုပန်းကန်လုံးတစ်လုံး
ပဲငံပြာရည်အကြည် -၅ဇွန်း စားပွဲတင်ဇွန်း
ဗီနီဂါ - ၅ဇွန်း
ကြက်သွန်ဖြူ - ၅မြောင်း
ဂျင်း - လက်တစ်ဆစ်
သကြား - ၃ဇွန်း
ငရုပ်သီး - ဆယ်တောင့်
နံနံပင်အမြစ် - ဆယ်ပင်
ပါဝင်ပစ္စည်းအားလုံးကိုရောပြီးစက်ဖြင့်ကြိတ်ပါ။အရသာမှာချဉ်ငံစပ်ဖြစ်ပါတယ်။ဆော့ကိုပြုလုပ်ပြီးရေခဲသေတ္တာတွင်တာရှည်​ သိမ်းထားနိုင်ပါတယ်။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...