30 May 2015

မန်​ကျည်း​ကျောက်​​ကျော

မန်ကျည်းကျောက်ကျော
ပူအိုက်တဲ့ရာသီအညာဒေသမှာတော့မန်ကျည်းဖျော်ရည်ကိုကုက္ကိုလ်ပင်ထနောင်းပင်အောက်မှာမြေအိုးလေးများကိုကုက္ကိုလ်အရွက်လေးများဖြင့်အုပ်ပြီးအေးမြအောင်ပြုလုပ်ရောင်းချကြပါတယ်။မန်ကျည်းဖျော်ရည်ကိုကျောက်ကျောအမဲလေးထည့်လို့သံပုရာနံ့လေးပါတယ်ဆိုရုံထည့်ပြီးထနောင်းပင်အောက်ထိုင်ခဲ့တဲ့အချိန်ငယ်ဘဝလေးလည်းလွမ်းမိပါသေးတယ်။သင်္ကြန်အခါမများမှာလည်းနေရာအနှံ့စတုဒီတာအဖြစ်တိုက်ကျွေးလေ့လည်းရှိကြပါတယ်။ကျန်းမာရေးနဲ့လည်းကိုက်ညီတဲ့အကုန်အကျသက်သာတဲ့သဘာဝဖျော်ရည်လေးပြုလုပ်ပြီးကုသိုလ်ယူကြရအောင်နော်။
ပါဝင်ပစ္စည်း
********
မန်ကျည်းမှည့် - ၄၀၀ ဂရမ်
ဆား - တစ်ဇွန်း စားပွဲဇွန်း
ထန်းလျက် - ၈၀၀ ဂရမ်
ကျောက်ကျောအမဲ (Grass Jelly )-တစ်ကီလို 
သံပုရာသီး - နှစ်လုံး
ပြင်ဆင်ပြုလုပ်ပုံ
***********
1.ဦးစွာမန်ကျည်းမှည့်ကိုရေနွေးပွက်ပွက်ဆူဖြင့်ဆေးပြီးရေစိမ်ထားပါ။
2.ထန်းလျက်ကိုရေတလီခန့်ထည့်ပြီးကျိုပါ။အမှိုက်များစစ်ထားပါ။
3.မန်ကျည်းမှည့်ပွလာပါကအနှစ်တိုက်ပါ။
4.ကျောက်ကျောအမဲကိုသေးသေးစိတ်သို့မဟုတ်အမျှင်ခြစ်ထားပါ၊
5.အားလုံးအသင့်ဖြစ်ပါကအိုးကြီးကြီးတခုတွင်ဆားထန်းလျက်ရည်မန်ကျည်းနှစ်တို့ကိုရောဖျော်ပါ။
6.ရေသန့်ရေခဲရေထည့်ပြီးလိုသလိုချိုချဉ်အရသာဖျော်စပ်ပါ။နောက်ဆုံးတွင်ကျောက်ကျောစိတ်ထားသည်ကိုထည့်ပြီးသံပုရာခွံအနံ့ရအောင်ညစ်ထည့်ပေးကာချိုချဉ်အေးမန်ကျည်းကျောက်ကျောဖျော်ရည်ကိုတည်ခင်းနိုင်ပါပြီ။
.........
Sofia
http://sofiafoodparadise.blogspot.com

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရ...