12 May 2018

ဆိတ်ခပတ်ဟင်း

Mutton Kabab
အိန္ဒိယအစားအစာတမျိုးဖြစ်တဲ့ခပတ်ခေါ်အသားလုံးကိုတော့ကြက်သားအမဲသားနှင့်ဆိတ်သားတို့ဖြင့်အစားထိုးပြုလုပ်နိုင်ပါတယ်။ခပတ်လုံးကိုကြော်ပြီးကြက်သွန်နီခရမ်းချဉ်သီးသံပုရာသီးနဲ့တွဲဖက်လို့အဆာပြေစာသို့မဟုတ်ဟင်းတခွက်အနေနဲ့လည်းတည်ခင်းနိုင်ပါတယ်။အခုကတော့ခပတ်လုံးကိုကြော်ပြီးပြန်ချက်ထားတာလေးပါ။ထူးခြားတဲ့ဟင်းမဟုတ်သော်လည်းချ က်စားဖြစ်တဲ့ဟင်းတခွက်မို့မျှဝေပေးလိုက်ပါတယ်။
ချက်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
********
(ခပတ်လုံး၄၅လုံးစာ)
ဆိတ်သား - တစ်ကီလို
ကြက်သွန်နီ - နှစ်လုံး
ဂျင်းကြက်သွန်ဖြူ - နှစ်ဇွန်း စားပွဲဇွန်း
အရောင်တင် - တစ်ဇွန်း
မဆလာ - နှစ်ဇွန်း
ငရုတ်ကောင်း - တစ်ဇွန်း
ဆား - တစ်ဇွန်း
ဟင်းခပ်မှုန့် - နှစ်ဇွန်း
နံနံပင် - လက်တစ်ဆုပ်
ပူစီနံ - လက်တစ်ဆုပ်
သံပုရာသီး - တစ်ခြမ်း
ကြက်ဥ - တစ်လုံး
ငရုတ်သီးစိမ်း - ၅တောင့်
ဆီ - ကြော်ရန်
ဟင်းချက်ရန်(၁၅လုံးစာတပွဲ)
ခရမ်းချဉ်သီး - နှစ်လုံး
ကြက်သွန်နီ - တစ်လုံး
ငရုတ်သီးစိမ်း - ၃တောင့်
ဆီ - အနည်းငယ်
ဆား - အနည်းငယ်
ဟင်းခပ်မှုန့် - အနည်းငယ်
ပြင်ဆင်ပြုလုပ်ပုံ
***********
1.ဆိတ်သားကြိတ်ပြီးသားတစ်ကီလိုကိုဇလုံကြီးကြီးတွင်ထည့်ပါ။
2.ကြက်သွန်နီသေးသေးစိတ်၊သံပုရာသီး၊ဂျင်းကြ က်သွန်ဖြူထောင်း၊အရောင်တင်၊မဆလာ၊ကြက်ဥ၊ငရုတ်ကောင်းဆား၊ဟင်းခပ်မှုန့်၊နံနံပင်ပူစီနံသေးေ သးစိတ်ငရုတ်သီးနုတ်နုတ်စင်းထားသည်တို့ကိုထည့်ပြီး သမအောင်မွေကာ၁၅မိနစ်ခန့်နှပ်ထားပါ။
3.၁၅မိနစ်ခန့်နှပ်ပြီးပါကဇလုံထဲတွင်နာနာရိုက်ပေးပြီးအလုံးလေးများလုံးထားပါ။
4.ဆိတ်သားလုံးပြုလုပ်ပါကအလုံးအရွယ်ကိုမိမိလိုချင်သောအရွယ်ထက်အနည်းငယ်ကြီးကြီးလုံးပေးပါ။အဆီပါဝင်မှူများသောကြောင့်ကြော်ထွက်လာ လျှင်သေးငယ်နေတတ်သည်။
5.အားလုံးလုံးပြီးပါကအိုးထဲတွင်ဆီထည့်ပြီးအပူပေးကာခပတ်လုံးလေးများကိုကြော်ပေးပါ။
6.အရောင်ရပြီးအတွင်းထိကျက်ပါကဆယ်ယူဆီစစ်ပြီးကြက်သွန်နီခရမ်းချဉ်သီးသံပုရာသီးတို့ဖြင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။
7.ဟင်းပြန်ချက်ရန်ခပတ်လုံးကိုအနည်းငယ်အရောင်ရရုံသာကြော်ပြီးဆယ်ယူဆီစစ်ထားပါ။
8.အိုးထဲတွင်ဆီအနည်းငယ်ထည့်ပြီးကြက်သွန်နီအကွင်းလိုက်လှီးထားသည်ကိုထည့်ကြော်ပါ။အရောင်ပြောင်းပါကခရမ်းချဉ်သီးခပ်ထူထူအကွင်းနှင့်ငရုတ်သီးစိမ်းနုတ်နုတ်စင်းတို့ကိုထည့်ပါ။
9.ဆားဟင်းခပ်မှုန်ထည့်ပြီးကြော်ထားသောဆိတ်သားခပတ်ကိုထည့်ကာသမအောင်မွေပေးပြီးနံနံပင်ပူစီနံအုပ်ကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။
❀အနှစ်ဖြင့်ချက်လိုပါကရေအနည်းငယ်ထည့်ပေးပြီးချက်ပေးနိုင်ပါတယ်။
...........
Sofia(06.11.2016)
http://sofiafoodparadise.blogspot.com

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...