6 December 2016

ပဲပုတ်ပြုလုပ်နည်း

မြို့ကြီးတွေမှာပဲပုတ်ဆိုရင်တော်တော်များများကရှမ်းပဲပုပ်ကိုဘဲသိကြပါတယ်။တရုပ်ပဲပုတ်ကိုတော့ရှမ်းပြည်နယ်ဖက်တရုပ်လူမျိုးအများစုနေတဲ့ဖက်မှာတော့လုပ်ရောင်းလေ့ရှိကြပါတယ်။လွယ်လွယ်ခွဲပြောလို့ရအောင်တရုတ်ပဲပု တ်လို့ဘဲခေါ်လိုက်တယ်။ရှမ်းပဲပုတ်နဲ့တရုပ်ပဲပုတ်လုပ်နည်းနည်းကွဲပါတယ်။ရှမ်းပဲပုတ်မှာဟင်းခပ်အမွေးအကြိုင်နဲ့အရသာမထည့်ထားဘဲတရုပ်ပဲပုတ်မှာကျဒီတိုင်းစားလို့ရအောင်အမွေးအကြိုင်အနံ့အရသာပါပြီးသားဖြစ်ပါတယ်။လုပ်စားပုံလုပ်စားနည်းနဲ့အရသာကွဲပြားပါတယ်။တရုပ်ပဲပုတ်ကိုဆိုဖီယာကလေးဘဝကတည်းကအဖွားကိုကူလုပ်ပေးရင်းလုပ်တတ်ခဲ့တာလေးပါ။ပဲပုတ်ဆိုတာအလွယ်တကူဝယ်လို့ရနေပြီးအချိန်ပေးပြီးလုပ်ရတော့စိတ်ဝင်စားသူလည်းနည်းပါတယ်။ဆိုဖီယာတော့ခုချိန်မှာအိမ်နဲ့ဝေးလို့ကိုယ်စားချင်တာမရနိုင်တဲ့အခါမှာပြန်ပြီးလုပ်စားဖို့သတိရလို့လုပ်စားဖြစ်ရင်းလုပ်နည်းလေးကိုမျှဝေပေးလိုက်ပါတယ်။ပဲပုတ်ပြုလုပ်ရန်ကြာချိန်အစအဆုံးတပတ်ခ န့်အချိန်ပေးရမှာဖြစ်ပါတယ်။
ပါဝင်ပစ္စည်း
*********
ပဲပိစပ် - ဆန်ချိန်ခွက် ၃ခွက်
ဆော်ဒါ - လ္ဘက်ဇွန်း တစ်ဇွန်း ပဲပြုတ်ရန်
ဂျင်းထောင်း - တစ်ဇွန်း စားပွဲဇွန်း
ငရုပ်သီးအကြမ်းမှုန့် -နှစ်ဇွန်း
ဆား - တစ်ဇွန်း
ဟွားကျောက် - တစ်ဇွန်း
စမုံစပါးစေ့အမှုန့် - တစ်ဇွန်း
ရှောက်ကော -တစ်ဇွန်း
ပြင်ဆင်ပြုလုပ်ပုံ
************
1.ပဲကိုရေဆေးပြီးပွလာသည်ထိစိမ်ထားပါ။
2.ပွလာပါကဆော်ဒါထည့်ပြီးနူးအိလာသည်ထိပြုတ်ပါ။
3.နူးအိပါကဆယ်ယူရေစစ်ထားပြီးသန့်ရှင်းသော ပိတ်စတွင်ထည့်ကာခြင်းတောင်းဇကာသို့ဘူးတခုတွင်ထည့်ပြီးပဲပုတ်နံ့ထွက်လာသည်ထိပူနွေးသောနေရာတွင်းပါ။ရှမ်းပြည်တွင်နေပူထည်းထုတ်လှမ်းလေ့ရှိပါတယ်။
4.ပဲပုတ်နံ့ထွက်လာပါကထောင်းဆုံရှိလျှင်ဆုံဖြင့်စေးလာအောင်ထောင်းပေးပါ။မရှိကကြိတ်စက်ဖြင့်စေးလာအောင်ကြိတ်ပေးပါ။
ပဲပုတ်အစိုကိုကြော်စားချက်စားနိုင်ပါတယ်။
5.ဟွားကျောက်စမုံစပါးစေ့နှင့်ရှောက်ကောကိုလှော်ပြီးအမှုန့်ထောင်းထားပါ။
6.ပြီးလျှင်ထောင်းထားသည့်ပဲပုတ်ထဲသို့ဂျင်းထောင်း၊ငရုပ်သီးမှုန့်၊ဆား၊ထောင်းထားသောဟွားေ ကျာက်ရှောက်ကောနှင့်စမုံစပါးမှုန့်တို့ကိုထည့်ပြီးသမအောင်မွေပေးပါ။အရသာအပေါ့အငံမြည်းပါ။
7.အရသာအနေတော်ပါကလက်နှင့်ပြုလုပ်မည့်ပုံစံခွက်ကိုရေစွတ်ပြီးနှစ်သက်ရာပုံစံပြုလုပ်ကာနေပူတွင်အခြောက်လှမ်းပါ။8.လုံးဝခြောက်သွားပါကလေလုံသောဘူးတွင်ထည့်ပြီးလချီနှစ်ချီသိမ်းထားကာမိမိစားလိုသည့်ပုံစံပြုလုပ်သုံးဆောင်နိုင်ပါပြီ။9.မနက်ခင်းစာပဲပုတ်ဖုတ်ပြီးဆီဆမ်း၍သော်၎င်းသေးသေးစိတ်ပြီးထမင်းနှင့်ကြော်၍သော်၎င်းဟင်းအဖြစ်ချက်၍သော်၎င်းနှစ်သက်သလိုသုံးဆောင်နိုင်ပါတယ်။
...........
Sofia
http://sofiafoodparadise.blogspot.com

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...