11 January 2016

ထောပတ်ထ္မင်းနဲ့ဘဲသားဟင်းဆီပြန်



Butter Rice with Duck Curry

ထောပတ်ထမင်းချက်နည်းကမခက်သလိုတယောက်နဲ့တယောက်ချက်နည်းလည်းသိပ်မကွာလှဘူးထင်ပါတယ်။မေးလာတဲ့ညီမအစ်မတွေဖို့ဆိုဖီယာချက်တဲ့နည်းလေးမျှဝေပေးလိုက်ပါတယ်။
ထောပတ်ထမင်းနဲ့အတွဲလိုက်ဖက်သောဟင်းများကတော့ကြက်သားဟင်းဘဲသားဟင်းဆီပြန်ဘာလချောင်ကြော်နှင့်အချဉ်သုပ်ဘဲဖြစ်ပါတယ်။
ပါဝင်ပစ္စည်း
********
ဆန်(Basmati Rice) - နို့ဆီဘူးလေးလုံး
ထောပတ်(Ghee) - ၁၅၀ ဂရမ်
ဆား - တစ်ဇွန်းခွဲ စားပွဲဇွန်း
သကြား - တစ်ဇွန်းခွဲ
ရေ - ၈ဘူး (Basmati rice အတွက်သာ)
စပျစ်ခြောက်သီဟိုဠ်စေ့ -တစ်ပန်းကန်
ပဲစိမ်းလုံး -တစ်ပန်းကန်
ပြင်ဆင်ချက်ပြုတ်ပုံ
*************
(၁)ဦးစွာဆန်ဆေးပြီးအိုးထဲသို့ဆားသကြားထောပတ်ထည့်ပြီးလိုအပ်သောရေပမာဏထည့်ပါ(ချက်နေကျဆန်အတွက်ရေကိုပုံမှန်အတိုင်းထည့်ပါ။)
အထက်အောက်သမအောင်မွေကာခလုတ်နှိပ်ပြီးချက်ပါ။
(၂)တည်ထားပြီးဆယ်မိနစ်ခန့်တွင်တစ်ကြိမ်မွေပေးပါ။
(၃)ထမင်းအိုးပွက်ပြီးလျှင်တစ်ကြိမ်ထပ်မွေပေးကာရေခမ်းခါနီးတွင်အပေါ်မှသီဟိုဠ်စေ့စပျစ်ခြောက်ပဲစိမ်းထည့်ကာထမင်းအိုးနှပ်သည်ထိတည်ထားပါ။
(၄)ထမင်းနှပ်ပါကကြက်သားဟင်းသို့မဟုတ်ဘဲသားဟင်းဘာလချောင်အချဉ်သုပ်တို့ဖြင့်တွဲဖက်ပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။
ဘဲဟင်းချက်ရန် ပါဝင်ပစ္စည်း
*******************
ဘဲ - တစ်ကီလို
ဂျုံ မှုန့် - ၃ဇွန်း (နယ်ဆေးရန်)
ကြက်သွန်နီ - ၂၀၀ ဂရမ်
ငရုပ်သီးခြောက်အပွ - ၁၅တောင့်
နနွင်း- အနည်းငယ်
ဂျင်းကြက်သွန်ဖြူထောင်း - တစ်ဇွန်း စားပွဲတင်
ဆား - တစ်ဇွန်း
ဟင်းခပ်မှုန့် - တစ်ဇွန်း
အသားမဆလာ - တစ်ဇွန်း
ဆီ - ၁၅၀ ဂရမ်
သစ်ဂျပိုးခေါက် - ၂ချောင်း
ကရဝေးရွက် - ၃ရွက်
လေးညင်း - ၃ပွင့်
ဖာလာစေ့ - ၃စေ့
နာနတ်ပွင့် -၂ပွင့်
ဆီသပ်ရွက် - တစ်ခက် ပျဉ်တော်သိမ်းရွက်
အုန်းနို့ - အနည်းငယ် (ထည့်လိုက)
ပြင်ဆင်ချက်ပြုတ်နည်း
*************
(၁)ဘဲကိုဆေးကြောသန့်စင်ပြီးလိုသလိုလှီးဖြတ်ထားပါဂျုံသုံးဇွန်းထည့်ပြီးနာနာနယ်ကာ ဆယ်မိနစ်ခန့်ထားပါ။ပြီးလျင်ရေစင်အောင်ဆေးပြီးရေစစ်ထားပါ။
(၂)ဇလုံတခုတွင်ထည့်ပြီးဂျင်းကြက်သွန်ဖြူဆားနှင့်ဟင်းခပ်မှုန်ထည့်ပြီးသမအောင်နယ်ထားပါ။
(၃)ကြက်သွန်နီကိုထောင်းထားပါ။ငရုပ်သီးခြောက်ကိုရေစိမ်အစေ့ထုတ်ပြီးထောင်းထားပါ။
(၄)အားလုံးအဆင်သင့်ဖြစ်ပါကချက်မည့်ဒယ်အိုးတွင်ဆီထည့်ပြီးကရဝေးသစ်ဂျပိုးဆီသပ်ရွက်ဖာလာနာနတ်ပွင့်လေးညင်းတို့ကိုဆီသပ်ပါ။
နနွင်းအနည်းငယ်ဖြင့်ကြက်သွန်ကြိတ်ထားသည်ကိုဆီသပ်ပါ။
(၅)ကြက်သွန်အရောင်ရပါကငရုပ်သီးထောင်းထားသည်ကိုထည့်ကြော်ပါ။
(၆)ဆီသပ်နံ့မွေးပြီးအရောင်တက်လာပါကနှပ်ထားသည့်ဘဲကိုထည့်ပြီးကြော်ပါ။အသားမဆလာထည့်ပါ။
(၇)ဘဲသားမှထွက်လာသောလုံးရည်များကုန်သည်ထိအိုးမကပ်အောင်အဆက်မပျက်မွေပေးပါ။
(၈)လုံးရည်ကုန်ပါကအသားအနုအရင့်အနေအထားကိုကြည့်ပြီးရေအနည်းငယ်ဆီထည့်ပေးကာဆီပြန်အသားနူးသည်လုံးရည်ကုန်ပါကအသားအနုအရင့်ပးပါ။
(၉)ဘဲသားနူးပြီးဆီပြန်ပါကအရသာအပေါ့အငံမြည်းကာအုန်းနို့အနည်းငယ်ထည့်ပြီးထမင်းဖြူ ထောပတ်ထမင်းအုန်းထမင်းတို့ဖြင့်တွဲဖက်တည်ခင်သုံးဆောင်နိုင်ပါပြီ။

...........
Sofia

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...