13 January 2016

ပဲမြစ်ထမနဲ

ပဲမြစ်ထမနဲလို့ခေါ်တဲ့ပဲမြစ်ထောင်းလေးကပဲမြစ်ကိုခပ်ညက်ညက်စေးအောင်ထောင်းပြီးထမနဲထိုးရာမှာပါဝင်ပစ္စည်းတွေထည့်သွင်းပြုလုပ်ထားလို့သာပဲမြစ်ထမနဲလို့ခေါ်ကြခြင်းဖြစ်ပါတယ်။ဒီအတိုင်းဆီနဲ့ဆားတို့စားတာနဲ့မတူဘဲမြေပဲနှမ်းအုန်းသီးတွေနဲ့မို့စားရတာမို့စိမ့်စိမ့်လေးနဲ့အရသာထူးခြားလှပါတယ်။မန္တလေးဘက်မှာတော့ရပ်ကွက်ဘုရားပွဲတွေမှာမုန့်ဆမ်းဇီးဖြူသီးငါးပိကြော်ပဲမြစ်ထမနဲတို့ကိုအိမ်တိုင်းလိုတွဲဖက်တည်ခင်းလေ့ရှိပါတယ်။
ပါဝင်ပစ္စည်း
********
ပဲမြစ် - ၃၀၀ဂရမ်
မြေပဲလှော် - ၅၀ဂရမ်
နှမ်းလှော် - ၃၀ဂရမ်
ပဲဆီ - ၅၀ ဂရမ်
ဆား -အနည်းငယ်
အုန်းသီး -တစ်ပန်းကန်
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)ပဲမြစ်ကိုပြုတ်ပြီးအခွံသင်အလယ်အူတိုင်ထုတ်ထားပါ။
(၂)အူတိုင်ထုတ်ပြီးသားပဲမြစ်ကိုညက်နေအောင်ထောင်း သို့မဟုတ် ကြိတ်ပါ။
(၃)ပြီးလျှင်ပန်းကန်တွင်ထည့်ပြီးပဲဆီနှမ်းမြေပဲထောင်းဆားအုန်းသီးဆံတို့ကိုမိမိစိတ်ကြိုက်ထည့်ပြီးသမအောင်နယ်ပေးပြီးစေးထွေးထွေးနဲ့အရသာစိမ့်စိမ့်ပဲမြစ်ထမနဲကိုတည်ခင်းသုံးဆောင်နိုင်ပါပြီ။
...........
Sofia

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...