19 December 2015

ဘိန်းမုန့်


ဘိန်းမုန့်ကြိုက်တဲ့ထဲမှာဆိုဖီယာလည်းတယောက်အပါအဝင်မို့အလွယ်တကူဝယ်စားလို့မရတဲ့နေရာရောက်တော့ပုံစံမျိုးစုံစမ်းလုပ်ကြည့်ဖူးပါတယ်။အကြိမ်ကြိမ်လုပ်ကြည့်ပေမဲ့မအောင်မြင်လို့pageပေါ်မရောက်ခဲ့ပါဘူး။ဒါကြောင့်ပြီးခဲ့တဲ့တခါမြန်မာပြည်ပြန်တော့နီးစပ်ရာမေးခဲ့တယ်။မသေချာမရေရာနဲ့မို့ဘိန်းမုန့်သွားဝယ်စားရင်းရောင်းတဲ့ညီမလေးကိုမေးခဲ့တယ်အချိုးအတိကျမသိရပေမဲ့အနီးစပ်ဆုံးသိရတော့ထပ်ပြီးပြန်လာစမ်းကြည့်ရာမှာတော်တော်လေးစားကောင်းတဲ့မုန့်လေးလုပ်နိုင်ခဲ့ပါတယ်။အခုလုပ်ထားတဲ့မုန့်နှစ်အချိုးလေးကိုမျှဝေပေးလိုက်ပါ တယ်။ဘိန်းမုန့်နှစ်သက်သူများကျေနပ်ကြလိမ့်မယ်မျှော်လင့်ပါတယ်။
ပါဝင်ပစ္စည်း (၅ချပ်စာ)
*********
ဆန်ချော - တခွက်ဆန်ချိန်ခွက်
ရေ - ၁၅၀ ml
ထန်းလျက်ရည်အပျစ် - ၆၀ gm
Yeast - ၁/၃ လ္ဘက်ဇွန်း
Baking powder - ၁/၂ လ္ဘက်ဇွန်း
ဆီ/ထောပတ် - ၂ဇွန်း စားပွဲဇွန်း
ဗီနီလာအနံ့ - ၁/၂ဇွန်း လ္ဘက်ဇွန်း
မြေပဲ - ၅ဇွန်း
ဘိန်းစေ့ - ၅ဇွန်း လ္ဘက်ဇွန်း
အုန်းသီး - တစိတ် ပါးပါးစိတ်
ထောပတ် - အနည်းငယ် အိုးလူးရန်
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)ဦးစွာဆန်ချောကိုရေ၂နာရီခန့်စိမ်ထားပြီးရေစစ်ထားပါ။ထန်းလျက်ကိုပျစ်ပျစ်ကျိုပြီးအမှိုက်စစ်ထားပါ။
(၂)ရေစစ်ထားသောဆန်ကိုရေ၁၅၀ ml ထည့်ပြီးကြိတ်စက်ဖြင့်ကြေညက်အောင်ကြိတ်ပါ။
(၃)ထန်းလျက်ရည်ထည့်ဖျော်ပါ။ဆား၊ဗီနီလာyeast,BakingPowderထောပတ်ဆီထည့်ပြီးသမအောင်မွေပြီးတစ်နာရီခန့်နှပ်ထားပါ။
(၄)အိုးမကပ်သည့်ဒယ်အိုးပြားလေးကိုအပူပေးကာထောပတ်အနည်းငယ်လူးပေးပါ။
(၅)ဖျော်ထားသောမုန့်နှစ်ကိုသမအောင်မွေပြီးနှစ်ဇွန်းခပ်ထည့်ပါ။အပေါ်မှမြေပဲဘိန်းစေ့နှင့်အုန်းသီးပါးပါးလှီးထားသည်ကိုဖြူးပြီးထည့်ပါ။
(၆)အပေါ်မီးမသုံးထားသဖြင့်ထောပတ်အနည်းငယ်လူးပြီးအပေါ်တဖက်ကိုအရောင်ရအောင်လှန်ပေးပါ။(ဖြည့်စွက်ချက်)မီးသွေးမီးအပေါ်မီးများများအောက်မီးနည်းနည်းနဲ့ဖုတ်မှမုန့်ပိုပွပါတယ်ဒီမှာတော့မီးသွေးမရှိလို့အပေါ်အောက်မီးမပေးနိုင်ပါ။
(၇)နှစ်ဖက်အရောင်ရပါကထုတ်ယူပြီးပူပူနွေးနွေးသုံးဆောင်နိုင်ပါပြီ။
***အငံပြုလုပ်လိုပါကမုန့်နှစ်ဖောက်ချိန်ထန်းလျက်ရည်မထည့်ဘဲမုန့်ဖုတ်ချိန်တွင်ပဲပြုတ်နှင့်နှမ်းဖြူးကာပြုလုပ်နိုင်ပါတယ်။
..........
Sofia

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...