မလေး၇ှားကန်ဇွန်း၇ွက်ကြော်
စင်္ကာပူ၊မလေးရှားမှာနာမည်ကြီးလူကြိုက်များတဲ့(Sambal Kangkong)အ၇ွက်ကြော်လေးပါ။အပြင်မှာထမင်းစားဖြစ်တဲ့အခါတိုင်းအမြဲမှာစားဖြစ်တဲ့ကန်ဇွန်း၇ွက်ကြော်လေးဖြစ်ပါတယ်။ကန်ဇွန်း၇ွက်ကြော်ကိုစားနေကျပုံစံနဲ့တမျိုးကွဲပြီးစား၇တာအ၇သာရှိတဲ့မြန်မာများအကြိုက်တွေ့စေမဲ့မလေးရှားကန်ဇွန်း၇ွက်ကြော်နည်းလေးကိုမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
*******
ကန်ဇွန်း၇ွက် - အစည်းကြီးတစ်စည်း
ကြက်သွန်နီ - တစ်လုံး
ကြက်သွန်ဖြူ - ၅မြောင်း
င၇ုပ်သီးနီ - ဆယ်တောင့်
ငါးပိ - လ္ဘက်ဇွန်းတစ်ဇွန်း
ပုဇွန်ခြောက် - တစ်ဇွန်း စားပွဲတင်
သံပု၇ာသီး - တစ်ခြမ်း
ဆား - အနည်းငယ်
သကြား - တစ်ဇွန်း စားပွဲတင်
ဆီ -အနည်းငယ်
ပြင်ဆင်ပြုလုပ်နည်း
***********
(၁)ကန်ဇွန်း၇ွက်ကိုေ၇ဆေးသန့်စင်ပြီးလှီးဖြတ်ထားပါ။
(၂)ကြက်သွန်နီ၊ကြက်သွန်ဖြူ၊င၇ုပ်သီးတဝက်ကိုငါးပိဖြင့်ထောင်းထားပါ။င၇ုပ်သီးတဝက်ကိုခပ်စောင်းစောင်းစိတ်ထားပါ။
(၃)အားလုံးအဆင်သင့်ဖြစ်ပါကအိုးထဲတွင်ဆီထည့်ပြီးပုဇွန်ခြောက်ကိုဆီသပ်ပါ။ထောင်းထားသည်ကိုထည့်ပါ။မွေးလာပါကကန်ဇွန်း၇ွက်ထည့်ပြီးဆားနှင့်သကြားထည့်ပါ။သမအောင်မွေပြီးင၇ုပ်သီးစိတ်ထားသည်နှင့်သံပု၇ာသီးတခြမ်းညစ်ကာပန်းကန်တွင် တည်ခင်း သုံးဆောင်နိုင်ပါပြီ။***ကြော်ပြီးချက်ချင်းသုံးဆောင်ပါ။
အချက်အပြုတ်ဝါသနာရှင်များအတွက်မိမိတတ်ကျွမ်းသမျှလေးများဝေမျှပေးရာ Blog လေးဖြစ်ပါတယ်
Subscribe to:
Post Comments (Atom)
ကြက်သားလုံးဟင်း (စူကြည်း)
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရ...
-
Chilli Pickle အချို့ဟင်းချက်ရာမှာမရှိမဖြစ်လိုအပ်တဲ့ငရုတ်ချဉ်လေးဘြဲ ဖစ်ပါတယ်။သုံးတတ်သူများအဖို့အလွယ်တကူဝယ်လို့မရ နိုင်တဲ့နေရာမှာကိုယ့်ဘ...
-
Snow Ear Fungus Sweet Soup ကျောက်ပွင့်အချိုပွဲလေးဟာဖြင့်ဆေးဖက်လည်းဝင်ပြီးအရွယ်တင်နုပျိုစေတယ်လို့ဆိုပါတယ်။Chinese Family အများစုဟာတပတ်ကို...
-
ပဲငပိကိုပုံစံအမျိုးမျိုးနဲ့နေရာဒေသအသီးသီးမှာဝယ်ယူရရှိနိုင်ပါတယ်။ကိုးရီးယား၊ဂျပန်၊တရုတ်နိုင်ငံ များမှပြုလုပ်ထားသည်များရှိပါတယ်။အရသာကွဲပြားမ...

No comments:
Post a Comment