ပါဝင်ပစ္စည်း
******
အရိုးမပါသောငါး - တစ်ဆယ်သား
ပုဇွန်ခြောက် - ၂ဇွန်း
ကြက်သွန်ဖြူ - ၃မြောင်း
ကြက်သွန်နီ ဥသေး - ၁လုံး
ငရုပ်သီးစိမ်း - ၁၀တောင့်
ပုဇွန်ငါးပိ - ၂ဇွန်း
ထန်းလျက် - ၂လုံး
ငံပြာရည် - ၂ဇွန်း
သံပုရာသီး - ၂ လုံး
ပြင်ဆင်ပြုလုပ်နည်း
**********
(၁) ငါးအသားကိုပြုတ်ထားပါ။ ပုဇွန်ခြောက်ရေစိမ်ထားပါ။
(၂)ကြက်သွန်ဖြူ နီ ငရုပ်သီးတို့ကိုငရုပ်ဆုံတွင်ထည့်ထောင်းပါ။
(၃)ကြေညက်ပါကပုဇွန်ခြောက်နှင့်ထန်းလျက်ထည့်ထောင်းပါ။
ထန်းလျက်ရည်သုံးလိုပါကနောက်ဆုံးမှထည့်ပါ။
(၄)ပြုတ်ပြီးသားငါးကိုထည့်ထောင်းပါ။
(၅)ငါးပိထည့်ပါ။အစိမ်းထည့်ပါတယ်။မီးကင်လိုပါကကင်ပါ။
(၆)အားလုံးကြေညက်ပါကငံပြာရည်နှင့်သံပုရာရည်ထည့်ပြီးသမအောင်မွေပေးပါ။အရသာအပေါ့အငံမြည်းကာနစ်သက်ရာသီးနှံအတို့ အမြုတ်များဖြင့်တွဲဖက်ပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။
အချက်အပြုတ်ဝါသနာရှင်များအတွက်မိမိတတ်ကျွမ်းသမျှလေးများဝေမျှပေးရာ Blog လေးဖြစ်ပါတယ်
Subscribe to:
Post Comments (Atom)
ကြက်သားလုံးဟင်း (စူကြည်း)
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရ...
-
Chilli Pickle အချို့ဟင်းချက်ရာမှာမရှိမဖြစ်လိုအပ်တဲ့ငရုတ်ချဉ်လေးဘြဲ ဖစ်ပါတယ်။သုံးတတ်သူများအဖို့အလွယ်တကူဝယ်လို့မရ နိုင်တဲ့နေရာမှာကိုယ့်ဘ...
-
Snow Ear Fungus Sweet Soup ကျောက်ပွင့်အချိုပွဲလေးဟာဖြင့်ဆေးဖက်လည်းဝင်ပြီးအရွယ်တင်နုပျိုစေတယ်လို့ဆိုပါတယ်။Chinese Family အများစုဟာတပတ်ကို...
-
ပဲငပိကိုပုံစံအမျိုးမျိုးနဲ့နေရာဒေသအသီးသီးမှာဝယ်ယူရရှိနိုင်ပါတယ်။ကိုးရီးယား၊ဂျပန်၊တရုတ်နိုင်ငံ များမှပြုလုပ်ထားသည်များရှိပါတယ်။အရသာကွဲပြားမ...

No comments:
Post a Comment