14 July 2015

တရုပ်ပဲပုတ်


ပဲပုတ်ဆိုရင်တော်တော်များများကရှမ်းပဲပုပ်ကိုဘဲသိကြပါတယ်။လွယ်လွယ်ခွဲပြောလို့ရအောင်တရုပ်ပဲပုတ်လို့ဘဲခေါ်လိုက်တယ်။ရှမ်းပဲပုတ်နဲ့တရုပ်ပဲပုတ်လုပ်နည်းနည်းကွဲပါတယ်။ရှမ်းပဲပုတ်မှာဟင်းခပ်အမွေးအကြိုင်နဲ့အရသာမထည့်ထားဘဲ တရုပ်ပဲပုတ်မှာကျ ဒီတိုင်းစားလို့ရေအောင်အမွေးအကြိုင်အနံ့အရသာပါပြီးသားဖြစ်ပါတယ်။လုပ်စားပုံလုပ်စားနည်းနဲ့အရသာကွဲပြားပါတယ်။တရုပ်ပဲပုတ်ကိုဆိုဖီယာ
ကလေးဘဝကအဖွားကိုကူလုပ်ပေးရင်းလုပ်တတ်ခဲ့တာလေးပါ။ပဲပုတ်ဆိုတာအလွယ်တကူဝယ်လို့ရနေပြီးအချိန်ပေးပြီးလုပ်ရတော့စိတ်ဝင်စားသူလည်းနည်းပါတယ်။ဆိုဖီယာတော့ခုချိန်မှာအိမ်နဲ့ဝေးလို့ကိုယ်စားချင်တာမရနိုင်တဲ့အခါမှာပြန်ပြီးလုပ်စားဖို့သတိရလို့လုပ်စားဖြစ်ရင်းလုပ်နည်းလေးကိုမျှဝေပေးလိုက်ပါတယ်။ပဲပုတ်ပြုလုပ်ရန်အချိန်တပတ်ခန့်ပေးရမှာဖြစ်ပါတယ်။
ပါဝင်ပစ္စည်း
******
ပဲပိစပ် - ဆန်ချိန်ခွက် ၃ခွက်
ဆော်ဒါ - လ္ဘပက်ဇွန်း တစ်ဇွန်း
ဂျင်းထောင်း - တစ်ဇွန်း စားပွဲတင်ဇွန်း
ငရုပ်သီးအကြမ်းမှုန့် -နှစ်ဇွန်း
ဆား - တစ်ဇွန်း
ဟွားကျောက် - တစ်ဇွန်း
စမုံစပါးစေ့ - တစ်ဇွန်း
ရှောက်ကော -တစ်ဇွန်း
ပြုလုပ်နည်း
******
(၁)ပဲကိုရေဆေးပြီးပွလာသည်ထိစိမ်ထားပါ။
(၂)ပွလာပါကဆော်ဒါထည့်ပြီးနူးအိလာသည်ထိပြုတ်ပါ။
(၃)နူးအိပါကဆယ်ယူရေစစ်ထားပြီးသန့်ရှင့်တော့အဝတ်စတွင်ထည့်ကာဇကာသို့ဘူးတခုတွင့်ထည့်ပြီးပဲပုတ်နံ့ထွက်လာသည်ထိပူနွေးသောနေရာတွင်းပါ။ရှမ်းပြည်တွင်နေပူထည်းထုတ်လှမ်းလေ့ရှိပါတယ်။
(၄)ပဲပုတ်နံ့ထွက်လာပါကထောင်းဆုံရှိလျှင်ဆုံဖြင့်စေးလာအောင်ထောင်းပေးပါ။မရှိက ကြိတ်စက်ဖြင့်စေးလာအောင်ကြိတ်ပေးပါ။
(၅)ဟွားကျောက်၊စမုံစပါးစေ့နှင့်ရှောက်ကောကိုလှော်ပြီးအမှုန့်ထောင်းထားပါ။
(၆)ပြီးလျှင်ထောင်းထားသည့်ပဲပုတ်ထည်းသို့ဂျင်း၊ငရုပ်သီးမှုန့်၊ဆား၊ထောင်းထားသောဟွားကျောက်၊ရှောက်ကောနှင့်စမုံစပါးမှုန့်တို့ကိုထည့်ပြီးသမအောင်မွေပေးပါ။အရသာအပေါ့အငံမြည်းပါ။
(၇)အရသာအနေတော်ပါကလက်နှင့်ပြုလုပ်မည့်ပုံစံခွက်ကိုရေစွတ်ပြီးနှစ်သက်ရာပုံင်္စံပြုလုပ်ကာနေပူတွင်အခြောက်လှမ်းပါ။လုံးဝခြောက်သွားပါကလေလုံသောဘူးတွင်ထည့်ပြီးလချီနှစ်ချီသိမ်းထားကာ မိမိစား လိုသည့်ပုံစံပြုလုပ်သုံးဆောင်နိုင်ပါပြီ။ မနက်ခင်းစာပဲပုတ်ဖုတ်ပြီးဆီဆမ်း၍သော်၎င်း၊သေးသေးစိတ်ပြီးထမင်းနှင့်ကြော်၍သော်၎င်း၊ဟင်းအဖြစ်ချက်၍သော်၎င်းနှစ်သက်သလိုသုံးဆောင်နိုင်ပါတယ်။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...