20 July 2015

ငါးခေါင်းဟင်း (စင်္ကာပူစတိုင်)

Fish Head Curry

ငါးခေါင်းဟင်းကိုပုံစံအမျိုးမျိုးချက်ကြတဲ့ထဲကစင်္ကာပူစတိုင်ငါးခေါင်းဟင်းချက်နည်းလေးမျှဝေပေးလိုက်ပါတယ်။စင်္ကာပူမှာနာမည်ကြီးလူကြိုက်များတဲ့ဟင်းတခွက်ဖြစ်ပါတယ်။ချက်ကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
*******
ငါးခေါင်း - တစ်လုံး
ကြက်သွန်နီ - ကြီးကြီးတစ်လုံး
ကြက်သွန်ဖြူ - ၅မြောင်း
ဂျင်း -လက်တစ်ဆစ်
ခ၇မ်းချဉ်သီး -၂လုံး
မန်ကျည်းမှည့် - အနည်းငယ်
Curry powder - ၅ဇွန်း
သစ်ဂျပိုးခေါက် - တစ်ချောင်း
အုန်းနို့. - ၁၀၀ ml(မထည့်လည်းရ)
၇ုန်းပတေသီး သို့ နှစ်သက်ရာသီးနှံ - ၁၀ တောင့်
ဆား - တစ်ဇွန်း စားပွဲဇွန်း
ဟင်းချက်မှုန့် - ၂ဇွန်း
သကြား - တစ်ဇွန်း
ပျဉ်တော်သိမ်း၇ွက် - ၂ခက်
ငရုပ်သီးအနီပွတောင့် - ၃တောင့်
ဆီ - ၁၀၀ ml
ပြင်ဆင်ချက်ပြုတ်နည်း
************
(၁)ထပ်ခြမ်းခြမ်းထားသောငါးခေါင်းကိုဆားေ၇ဖြင့်ခဏစိမ်ထားပြီးရေဆေးေ၇စစ်ထားပါ။
(၂)ကြက်သွန်နီ အတုံးသေးသေးစိတ်ထားပါ။ခရမ်းချဉ်သီးတလုံး ကိုလေးစိတ်စိတ်ပြီးတစ်လုံးကိုသေးသေးစိတ်ထားပါ။ကြက်သွန်ဖြူ၊ဂျင်းသေးသေးစိတ်ထားပါ။င၇ုပ်သီးကိုထပ်ခြမ်းစိတ်ထားပါ။ သီးနှံ၇ုံးပတေသီးသို့ခရမ်းသီးတို့ကိုခပ်ကြီးကြီးစိတ်ထားပါ။curry powder ကိုရေအနည်းငယ်ဖြင့်ဖျော်ထားပါ။
(၃)အားလုံးအသင့်ဖြစ်ပါကချက်မည့်အိုးတွင်ဆီထည့်ပြီးကြက်သွန်နီ၊ကြက်သွန်ဖြူ၊ဂျင်း၊သစ်ဂျပိုးခေါက်တို့ကိုဆီသပ်ပါ။
(၄)ကြက်သွန်နွမ်းလာပါကရေဖျော်ထားသောcurry powder ကိုထည့်ပြီးဆီပြန်လာသည်ထိမွေပေးပါ။
(၅)ဆီပြန်လာပါကခရမ်းချဉ်သီးသေးသေးစိတ်ထားသည်ကိုထည့်ပြီးကြေအောင်မွေပေးပါ။
(၆)မန်ကျည်းမှည့်ရေဖျော်ပြီးထည့်ပါ။ဆားဟင်းခပ်မှုန့်နှင့်သကြားတို့ကိုထည့်ပါ။အုန်းနို့ထည့်ပါ။ရေအနည်းငယ်ထည့်ပြီးဆူပွက်အောင်ထားပါ။(ငါးခေါင်းမြုတ်ရုံထည့်ပါ)
(၇)ဆူပွက်ပါကငါးခေါင်းနှင့်သီးနှံပျဉ်တောသိမ်း၇ွက်တို့ကိုတပြိုင်တည်းထည့်ကာဆယ်မိနစ်ခန့်ငါးခေါင်းကျက်အောင်ချက်ပြီးပါကအပေါ့အငံမြည်း၍ငရုတ်သီးထည့်ပြီးမီးဖိုမှချကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...